ကရင်နှစ်သစ်ကူးနေ့မှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့်ကော့ကရိတ်မှာ တိုက်ပွဲဆက်ဖြစ်နေ

ကရင်နှစ်သစ်ကူးနေ့မှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့်ကော့ကရိတ်မှာ တိုက်ပွဲဆက်ဖြစ်နေ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို လျှောက်လှမ်းဖို့ စစ်ခေါင်းဆောင်က ထပ်မံဖိတ်ခေါ်ခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ့မှာလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

ကရင်နှစ်သစ်ကူးနေ့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပြီး အဲ့ဒီသဝဏ်လွှာထဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင်သံသရာကနေ ရုန်းထွက်ကြဖို့ အချိန်ကျရောက်ပြီလို့ တိုက်တွန်းပြောဆိုထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ် တည်ဆောက်နိုင်ဖို့အတွက် တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိဖို့ အဓိကလိုအပ်ချက်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို စွန့်ခွာကာ တွေ့ဆုံဆွေးနွေးမှုကနေတစ်ဆင့် နိုင်ငံရေးလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာလျှောက်လှမ်းဖို့ စစ်ခေါင်းဆောင်က ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးရရှိဖို့ဟာ အဓိကလိုအပ်ချက်ဖြစ်ကြောင်း အာဏာသိမ်စစ်ခေါင်းဆောင်က ပြောဆိုနေပေမယ့် တဖက်မှာတော့ အပြောနဲ့လုပ်ရပ်မညီပဲ ကရင်နှစ်သစ်ကူးနေ့ နေ့ထူးနေ့မြတ်မှာ KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ်ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ လေယာဉ်ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်ဒေသခံတစ်ဦးဟာ လက်နက်ကြီးအစ ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ လ(၁၆)ရက်နေ့ကစလို့ လက်ရှိအချိန်အထိ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပြီး စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အနီးရှိ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ဆိုသလို ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကော့ကရိတ်မြို့အနီးရှိ ကျေးရွာတွေက နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့ပြီး ဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့ကာ အများစုကတော့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...