KIO ဌာနချုပ်နယ်မြေ လိုင်ဇာမြို့အနီးဘက်သို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်

KIO ဌာနချုပ်နယ်မြေ လိုင်ဇာမြို့အနီးဘက်သို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးဘက်သို့ စစ်ကောင်စီတပ်မှ ယနေ့ည‌နေ ၃ နာရီဝန်းကျင်မှစကာ လက်နက်ကြီးဖြင့် ပစ်ခတ် တ်ိုက်ခိုက်နေကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်တည်ရှိရာ ခါရာတောင်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၂ လုံး  လိုင်ဇာမြို့အနီးရှိ တောင်ကုန်းတစ်နေရာတွင် ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု လိုင်ဇာဒေသခံတစ်ဦး KNG ကိုပြောသည်။

“မြို့ထဲမှာတော့ ကျတာတော့ မကြားဘူး ဒါပေမယ့် မြို့နဲ့ ၃ မိုင်လောက်ဝေးတဲ့ ကုန်းဘက်မှာတော့ ၂ လုံးကျတယ်လို့ပြောကြတယ်”ဟုပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ယနေ့ညနေပိုင်းတွင် စစ်ကောင်စီတပ် လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများပြောသည်။

စစ်ကောင်စီတပ်သည် လိုင်ဇာမြို့ဘက်သို့ ပြီးခဲ့သော ဇူလိုင်လတွင် တစ်ကြိမ်၊ ဩဂုတ်လတွင် တစ်ကြိမ် လက်နက်ကြီးပစ်ခတ်မှု စုစုပေါင်း ၃ ကြိမ်ထက်နည်းရှိလာပြီဖြစ်သည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...