KIO ဌာနချုပ်နယ်မြေ လိုင်ဇာမြို့အနီးဘက်သို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်

KIO ဌာနချုပ်နယ်မြေ လိုင်ဇာမြို့အနီးဘက်သို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးဘက်သို့ စစ်ကောင်စီတပ်မှ ယနေ့ည‌နေ ၃ နာရီဝန်းကျင်မှစကာ လက်နက်ကြီးဖြင့် ပစ်ခတ် တ်ိုက်ခိုက်နေကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်တည်ရှိရာ ခါရာတောင်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၂ လုံး  လိုင်ဇာမြို့အနီးရှိ တောင်ကုန်းတစ်နေရာတွင် ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု လိုင်ဇာဒေသခံတစ်ဦး KNG ကိုပြောသည်။

“မြို့ထဲမှာတော့ ကျတာတော့ မကြားဘူး ဒါပေမယ့် မြို့နဲ့ ၃ မိုင်လောက်ဝေးတဲ့ ကုန်းဘက်မှာတော့ ၂ လုံးကျတယ်လို့ပြောကြတယ်”ဟုပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ယနေ့ညနေပိုင်းတွင် စစ်ကောင်စီတပ် လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများပြောသည်။

စစ်ကောင်စီတပ်သည် လိုင်ဇာမြို့ဘက်သို့ ပြီးခဲ့သော ဇူလိုင်လတွင် တစ်ကြိမ်၊ ဩဂုတ်လတွင် တစ်ကြိမ် လက်နက်ကြီးပစ်ခတ်မှု စုစုပေါင်း ၃ ကြိမ်ထက်နည်းရှိလာပြီဖြစ်သည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...