လုံခြုံရေးကြောင့် မော်လမြိုင်-ရန်ကုန် ညရထားခရီးစဥ် ဖျက်သိမ်း

လုံခြုံရေးကြောင့် မော်လမြိုင်-ရန်ကုန် ညရထားခရီးစဥ် ဖျက်သိမ်း
မော်လမြိုင်ဘူတာကြီးတွင် ရပ်ထားတဲ့ ညရထားတစ်စင်း (ပုံဟောင်း)
မော်လမြိုင်ဘူတာကြီးတွင် ရပ်ထားတဲ့ ညရထားတစ်စင်း (ပုံဟောင်း)

လုံခြုံရေးကြောင့် မော်လမြိုင်-ရန်ကုန် ညရထားခရီးစဥ် ဖျက်သိမ်းမော်လမြိုင်-ရန်ကုန် ပြေးဆွဲနေသည့် ညရထားခရီးစဥ်များ ဒီဇင်ဘာ ၁၈ ရက်နေ့မှစပြီး ယာယီဖျက်သိမ်းလိုက်ကြောင်း မြန်မာ့မီးရထား(မော်လမြိုင်) မှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့ညပိုင်းက မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်းတွင် ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ် ဖြစ်ပွားပြီးနောက် မော်လမြိုင်-ရန်ကုန်သို့ ပြေးဆွဲနေသည့် ညခရီးစဥ်ကို ယခုလို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

ညရထားခရီးစဥ်ဖျက်သိမ်းလိုက်သည့်အတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသော ရိုးရိုးတန်း အထက်တန်း လက်မှတ်ခများကို မော်လမြိုင်ဘူတာကြီး လက်မှတ်ရုံးတွင်

ပြန်ထုတ်ပေးနေသည်ဟု ခရီးသွားတို့ထံမှ သိရသည်။

“ကြိုတင်လက်မှတ်ဝယ်ထားတာကို ပြန်အမ်းပေးတယ်၊ ဘာကြောင့်လဲဆိုတာ သူတို့က မပြောပေးမယ့် လုံခြုံရေးကြောင့်လို့ ထင်တယ်၊ မကြာခင်ကလဲ ရထားမိုင်းခွဲခံထားရတယ်ဆိုတော့လေ အဲဒါကြောင့် ညခရီးစဥ်ကို ဖျက်သိမ်းလိုက်တာဖြစ်မယ်” ဟု ခရီးသွားတစ်ဦးက ပြောသည်။

ထိုကြောင့် မော်လမြိုင်ဘူတာကြီးတွင် နံနက် ၉ နာရီ မော်လမြိုင်မှ ရန်ကုန်သို့ ပြေးဆွဲလျက်ရှိသော လေအိတ်နေ့အမြန်ရထား တစ်စင်းသာ နေ့စဥ် အစုန်/အဆန် ပြေးဆွဲသွားမည်ဟု မြန်မာ့မီးရထား (မော်လမြိုင်) က ထုတ်ပြန်ထားသည်။

မော်လမြိုင်-ရန်ကုန် ညရထားခရီးစဥ်ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့ကမှသာ စတင်ပြေးဆွဲခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ကားဖြင့် ခရီးသွားလာရာတွင် စစ်ဆေးမှုများပြီး ခရီးကြန့်ကြာခြင်းနှင့် ကားလမ်းတွင် ပစ်ခတ်မှု မကြာခဏဖြစ်ပွားနေသည့်အတွက် လုံခြုံရေး အရ မီးရထားဖြင့် ခရီးသွားလာသူများလာခဲ့သည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...