လုံခြုံရေးကြောင့် မော်လမြိုင်-ရန်ကုန် ညရထားခရီးစဥ် ဖျက်သိမ်း

လုံခြုံရေးကြောင့် မော်လမြိုင်-ရန်ကုန် ညရထားခရီးစဥ် ဖျက်သိမ်း
မော်လမြိုင်ဘူတာကြီးတွင် ရပ်ထားတဲ့ ညရထားတစ်စင်း (ပုံဟောင်း)
မော်လမြိုင်ဘူတာကြီးတွင် ရပ်ထားတဲ့ ညရထားတစ်စင်း (ပုံဟောင်း)

လုံခြုံရေးကြောင့် မော်လမြိုင်-ရန်ကုန် ညရထားခရီးစဥ် ဖျက်သိမ်းမော်လမြိုင်-ရန်ကုန် ပြေးဆွဲနေသည့် ညရထားခရီးစဥ်များ ဒီဇင်ဘာ ၁၈ ရက်နေ့မှစပြီး ယာယီဖျက်သိမ်းလိုက်ကြောင်း မြန်မာ့မီးရထား(မော်လမြိုင်) မှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့ညပိုင်းက မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်းတွင် ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ် ဖြစ်ပွားပြီးနောက် မော်လမြိုင်-ရန်ကုန်သို့ ပြေးဆွဲနေသည့် ညခရီးစဥ်ကို ယခုလို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

ညရထားခရီးစဥ်ဖျက်သိမ်းလိုက်သည့်အတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသော ရိုးရိုးတန်း အထက်တန်း လက်မှတ်ခများကို မော်လမြိုင်ဘူတာကြီး လက်မှတ်ရုံးတွင်

ပြန်ထုတ်ပေးနေသည်ဟု ခရီးသွားတို့ထံမှ သိရသည်။

“ကြိုတင်လက်မှတ်ဝယ်ထားတာကို ပြန်အမ်းပေးတယ်၊ ဘာကြောင့်လဲဆိုတာ သူတို့က မပြောပေးမယ့် လုံခြုံရေးကြောင့်လို့ ထင်တယ်၊ မကြာခင်ကလဲ ရထားမိုင်းခွဲခံထားရတယ်ဆိုတော့လေ အဲဒါကြောင့် ညခရီးစဥ်ကို ဖျက်သိမ်းလိုက်တာဖြစ်မယ်” ဟု ခရီးသွားတစ်ဦးက ပြောသည်။

ထိုကြောင့် မော်လမြိုင်ဘူတာကြီးတွင် နံနက် ၉ နာရီ မော်လမြိုင်မှ ရန်ကုန်သို့ ပြေးဆွဲလျက်ရှိသော လေအိတ်နေ့အမြန်ရထား တစ်စင်းသာ နေ့စဥ် အစုန်/အဆန် ပြေးဆွဲသွားမည်ဟု မြန်မာ့မီးရထား (မော်လမြိုင်) က ထုတ်ပြန်ထားသည်။

မော်လမြိုင်-ရန်ကုန် ညရထားခရီးစဥ်ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့ကမှသာ စတင်ပြေးဆွဲခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ကားဖြင့် ခရီးသွားလာရာတွင် စစ်ဆေးမှုများပြီး ခရီးကြန့်ကြာခြင်းနှင့် ကားလမ်းတွင် ပစ်ခတ်မှု မကြာခဏဖြစ်ပွားနေသည့်အတွက် လုံခြုံရေး အရ မီးရထားဖြင့် ခရီးသွားလာသူများလာခဲ့သည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...