ဆိုင်မိုင်ကျေးရွာ သံကျောက်တူးသည့် လုပ်ကွက်ကို စစ်တပ်က ဗုံးကျဲ တိုက်ခိုက်

ဆိုင်မိုင်ကျေးရွာ သံကျောက်တူးသည့် လုပ်ကွက်ကို စစ်တပ်က ဗုံးကျဲ တိုက်ခိုက်

မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ ကန်တော်ယန် ကျေးရွာ အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသော ဆိုင်မိုင်ကျေးရွာ သံကျောက်တူးဖော်သည့် လုပ်ကွက်ကို ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။

နံနက် ၁ နာရီတွင် လေယာဉ် ၁ စီးဖြင့် စစ်တပ်က အကြီးစား ဗုံး  ၄ လုံးကို ကျဲချခဲ့သည်ဟု ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောသည်။

“လူမရှိတဲ့ နေရာမှာ ကျတယ်။ မြေစာပုံမှာ တစ်ခု၊ ဂလန်ဂျာမှာ တစ်ခု နဲ့ ကျန်တဲ့ ၂ ခုတော့ ရှာမတွေ့သေးဘူး” ဟို ဆိုသည်။

ဆိုင်မိုင်ကျေးရွာသည် သံကျောက်ထွက်သည့်နေရာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ ထိန်းချုပ်မှုဖြင့် တူးဖော်နေခြင်း ဖြစ်သည်။

ဆိုင်မိုင်ကျေးရွာသည် ၂၀၁၁ ခုနှစ် ကချင်ဒေသတစ်ကျော့ပြန် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးခဲ့ရသော ဒေသဖြစ်ပြီး လက်ရှိတွင် KIA နှင့် ရက္ခိုင်တပ်တော် AA တို့ စခန်းချ နေထိုင်သည်ဟု သိရသည်။

July 17, 2026
မန္တလေး - မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနှင့် အင်းတော် - ကသာလမ်းပိုင်း တိုက်ပွဲများအတွင်း...
July 17, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်...
July 16, 2026
ကချင်ပြည်အတွင်းရှိ မြို့နယ် ၃ ခုတွင် ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည့်အပြင်...
July 16, 2026
ကချင်ဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးများ ကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်မည့်...