ဖားကန့်က ဖမ်းခံထားရသည့် အရပ်သား ၁၁ ဦးကို မိသားစုဝင်များနှင့် ဆက်သွယ်ခွင့်မပေးသေး

ဖားကန့်က ဖမ်းခံထားရသည့် အရပ်သား ၁၁ ဦးကို မိသားစုဝင်များနှင့် ဆက်သွယ်ခွင့်မပေးသေး

ဖားကန့်မြို့နယ် မှော်ပုံကျေးရွာမှ ဖမ်းဆီးခံလိုက်ရသည့် အရပ်သား ၁၁ ဦးကို မိသားစုဝင်များနှင့် ဆက်သွယ်ခွင့် မပေးသေးသည့်အပြင် ယနေ့ထိ စစ်ကြောရေးတွင်သာ ထားရှိဆဲဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ဒီဇင်ဘာ ၅ ရက်နေ့  မှော်ပုံ ကျေးရွာဘုန်းကြီးရှိ အမျိုးသမီး ၇ ဦး အမျိုးသား ၄ ဦး ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးလိုက်ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ဆက်သွယ်နေသည်ဟု စွပ်စွဲကာ ဖမ်းဆီးထားဆဲဖြစ်သည်ဟု မမုံကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

”အဆက်အသွယ်ကို မရသေးတာ ရဲလက်ကိုမအပ်သေးဘူး အခုထိ လုံးခင်းထဲက ယမ်းတိုက် စခန်းမှာပဲ ထိမ်းသိမ်းထားတုန်း အဲ့မှာ SB တွေ၊ စရဖတွေအားလုံးရှိတယ် စစ်ကြောရေးလုပ်နေတုန်းတဲ့”ဟု ဖမ်းဆီးခံရသည့်အမျိုးသမီးတစ်ဦးနှင့် ဆွေမျိုးတော်စပ်သူ အထက်ပါအမျိုးသားက ပြောသည်။

အဖမ်းဆီးခံလိုက်ရသည့် အရပ်သား ၁၁ ဦးတွင် ကံဆီး (Ginsi) ဘက်မှ စစ်ရှောင်ပြည်သူအချို့နှင့် CDM ပြုလုပ်ထားသည့် လူငယ်များပါဝင်ပြီး မမုံကျေးရွာဘုန်းကြီးကျောင်းတွင် ခေတ္တတိမ်းရှောင်နေစဥ် ဒလံသတင်းပေးမှုကြောင့် စစ်ကောင်စီက အင်အားအလုံးအရင်းသုံးပြီး ပိတ်စို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ ယနေ့အထိ စစ်ကောင်စီ စစ်ကြောင်းတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီး‌ခေါ်ဆောင်ခံရသော အရပ်သား ၂၀၀ ကျော်အထိရှိလာပြီးနောက် ပြန်လည်လွတ်မြောက်လာသူများလည်း ရှိကြောင်း ဒေသခံများကဆိုသော်လည်း KNG သတင်းဌာနက သီးခြား အတည်မပြုနိုင်သေးပါ။

ဖားကန့်မြို့နယ်တွင် ဖုန်း၊ အင်တာနက်လိုင်းအခက်ခဲကြောင့် စစ်ကောင်စီမှ ဖမ်းဆီးခဲ့သော ဒေသခံများ၏ အချက်လက် တိတိကျကျ ရယူနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

July 17, 2026
မန္တလေး - မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနှင့် အင်းတော် - ကသာလမ်းပိုင်း တိုက်ပွဲများအတွင်း...
July 17, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်...
July 16, 2026
ကချင်ပြည်အတွင်းရှိ မြို့နယ် ၃ ခုတွင် ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည့်အပြင်...
July 16, 2026
ကချင်ဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးများ ကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်မည့်...