မြင်းမူ မြို့မရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရကာ ရဲနှင့်စစ်သား ၃ ဦးသေဆုံး

မြင်းမူ မြို့မရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရကာ ရဲနှင့်စစ်သား ၃ ဦးသေဆုံး
စစ်ကိုင်းဒေသ Zero ပြောက်ကျားအဖွဲ့
စစ်ကိုင်းဒေသ Zero ပြောက်ကျားအဖွဲ့

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြို့မရဲစခန်းအဝင်ဝတွင် ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ဗုံးထောင်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး နှင့် စစ်သား၂ ဦး သေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာပြင်းထန်ခဲ့သည်ဟု Zero ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ မနက် ၇ နာရီဝန်းကျင်တွင် မြင်းမူမြို့မှ ရဲစခန်းရှိ စစ်သားနှင့် ရဲ ၄ ဦးသည် လက်ဖက်ရည် ထွက်သောက်စဥ် အခုလိုထောင်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကျနော်တို့က မိုင်းနှစ်လုံးနဲ့ ရဲစခန်းဝကို သွားချခဲ့တယ်။ ရဲတွေက ကင်းလုပ်ပြီးတော့ လက်ဖက်ရည်သောက်တဲ့အချိန်ပေါ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ နောက်ဆုံးသိရတဲ့အခြေနေက ရဲတစ်ကောင်ကနေရာမှာတင် ပွဲချင်းပြီးသေတယ်။ စစ်သားနှစ်ကောင်က မုံရွာအရောက်မှာ သေသွားတယ်လို့ သိရတယ်။ ရဲစခန်းဝမှာ ကင်း‌စောင့်နေတဲ့ ရဲမေတစ်ယောက်က မျက်နှာထိတယ်လို့ သိရတယ်။ နောက်တစ်ယောက်က စိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်”ဟု ပြောသည်။

မြင်းမူ မြို့မရဲစခန်းတွင် စစ်သားနှင် ရဲအင်အား ၃၀ ဝန်းကျင်ခန့်ရှိပြီး တိုက်ခိုက်ခံခဲ့ရပြီးနောက် ရဲစခန်းအဝင်အထွက်ကို ပိတ်ထားကာ ရဲစခန်းအနီးတစ်ဝှိုက်တွင် စစ်ဆေးရေး တင်ကြပ်ထားကြောင်း သူက ဆက်ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ True Fighter (တပ်ခွဲ–၃)၊ တပ်ရင်း(၇) မြင်းခြံခရိုင်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင်လည်း တောချောင်းဦး ရဲစခန်းကို Zero ပြောက်ကျားတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းကာ စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲ ၇ ဦး သေဆုံးခဲ့သေးသည်။

ဓာတ်ပုံ- စစ်ကိုင်းဒေသ Zero ပြောက်ကျားအဖွဲ့

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...