မန္တလေးငလျင်ကြောင့် ရှေးဟောင်းဘာသာရေးအဆောက်အအုံတချို့ ပျက်စီးပြိုကျ

မန္တလေးငလျင်ကြောင့် ရှေးဟောင်းဘာသာရေးအဆောက်အအုံတချို့ ပျက်စီးပြိုကျ
ဓာတ်ပုံ- CJ/Ko Gyi Thein
ဓာတ်ပုံ- CJ/Ko Gyi Thein

မန္တလေးမြို့မှာ ဒီနေ့မနက်အရုဏ်မတက်ခင်အချိန်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ရှေးဟောင်းအမွေအ နှစ် ဘာသာရေးအဆောက်အအုံတချို့ ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့မနက် ၃နာရီ ၁၆မိနစ်မှာ မန္တလေးမြို့ တံတားဦးရပ်ရဲ့အရှေ့ဘက် လေးမိုင်ခန့်အကွာကို ဗဟိုပြုပြီးရစ်(ခ်)တာစကေး (၅ ဒသမ ၂) အဆင့်ရှိတဲ့ မြေငလျင်တစ်ကြိမ် လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မန္တလေးမှာ မြေငလျင်လှုပ်ခတ်မှု သိသိသာသာထိရောက်ခဲ့တဲ့ မြို့နယ်တွေက အောင်မြေသာစံ၊ချမ်းအေးသာစံ၊မဟာအောင်မြေ၊ချမ်းမြသာစည်၊ပြည်ကြီးတံခွန်၊အမရပူရ၊ပုသိမ်ကြီး၊မတ္တရာ၊သပိတ်ကျင်း၊ပြင် ဦးလွင်၊တံတားဦးအစရှိတဲ့ မြို့နယ်တွေဖြစ်တယ်လို့လည်းသိရပါတယ်။

အဲဒီငလျင်လှုပ်ခတ်မှုကြောင့် ပြည်ကြီးတံခွန်ရှိ ခန္တောတိုက် မဏိရတနာကျောင်းတိုက်မှာ ကျောင်းဝင်းအတွင်းက ပတ္တမြားစေတီ စိန်ဖူးတော်မြေခခဲ့သလို ကျောင်းတိုက်ရှိအဆောက်အအုံတချို့ မျက်နှာကျက်တွေပြိုကျခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးမြို့၊ ဒက္ခိဏာဝန်ကျောင်းတိုက်၊ သိမ်ကျောင်းအတွင်းမှာ ပူဇော်ထားတဲ့ ရှေ့ဟောင်းဗုဒ္ဓရုပ်ပွားတော်ရဲ့ ဦးခေါင်းတော်လည်း မြေခခဲ့ရပါတယ်။

မင်းကွန်းပုထိုးတော်ကြီးရဲ့အထင်ကရတစ်ခုဖြစ်တဲ့ မင်းကွန်းခြင်္သေ့ကြီးရုပ်ထုရဲ့ လက်မောင်းရင်းမှာ ယခင်အက်ကြောင်းရှိနေတဲ့ နေရာကနေ တစ်ခြမ်းပဲ့ကျခဲ့တယ်လို့လည်း ကနဦး သတင်းတွေအရ သိရပါတယ်။

“ ငလျင်က အတော်ဆိုးတာ၊ အသံတွေရောလေ။ဝေါကနဲ၊ ဝေါကနဲ ဆွဲဆောင့်သလိုရမ်းခါပစ်တာ။ အပျက်အစီးက လူနေအိမ်တွေတော့ မကြားရသေးပေမယ့် ရှေးဟောင်းအဆောက်အအုံတွေ သတင်းတော့ နားစွင့်ထားနေတုန်းပဲ” လို့ မြရည်နန္ဒာအိမ်ရာဝန်းမှာ နေထိုင်သူတစ်ဦးက ပြောပြပါတယ်။

ငလျင်လှုပ်ခတ်မှုကို မန္တလေးတစ်ဝိုက်သာမကဘဲ နယ်မြေချင်းထိစပ်နေတဲ့ ပြင်ဦးလွင်က ရပ်ကွက်တစ်ချို့မှာပါ အနည်းငယ်သိသာခံစားခဲ့ရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ လက်ရှိမှာတော့ ငလျင်ကြောင့် ဖြစ်ပွားခဲ့ရတဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှုပမာဏကိုတော့ သက်ဆိုင်ရာဌာနတွေက ထုတ်ပြန်ထားတာမရှိသေးပါဘူး။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...