PDF ထောင်ထားသည့် မိုင်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးထက်မနည်းသေဆုံး

PDF ထောင်ထားသည့် မိုင်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးထက်မနည်းသေဆုံး

ကသာမြို့နယ် ချောင်းဝ‌ကျေးရွာအနီးတွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်‌ကောင်စီတပ်သည် လမ်းခုလတ်တနေရာ၌ PDF တပ်ဖွဲ့ထောင်ထားသည့် မိုင်းမိ၍  ၁၀ ဦးထက်မနည်း သေဆုံးကာ အများအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အင်အား ၆၈ ဦးခန့်ပါရှိသည့် စစ်ကောင်စီတပ်သည် ချောင်းဝရွာဘက်မှ ဆင်ကုန်တိုင်ရွာဘက်သို့ ဒီဇင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ဝန်းကျင်တွင် ရောက်လာစဉ် မြို့လှ KPDF တပ်မှ အသင့်ထောင်ထားသော H-22 ရှေ့ထွက်မိုင်းမိ၍ ထိခိုက်သူများကာ အထိနာခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီဘက်က သေဆုံးအလောင်းတွေ မြေမြုပ်ထားတဲ့ မြေစာပုံတွေတွေ့ရတယ်။ ပြီးတော့ ဒဏ်ရာရတဲ့သူတွေထဲက အချို့သေလို့ လမ်းမှာတင် မြေမြုပ်ထားခဲ့တာတွေရှိတယ်“ ဟု မြို့လှတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်မှ သေဆုံးအလောင်းများအား မြေမြုပ်ခြင်းနှင့် ဒဏ်ရာရရှိသူများအား ထမ်းစင်များဖြင့် ထမ်းခေါ်ကာ စစ်ကြောင်းနောက်ပြန် ဆုတ်ခွာသွားကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...