PDF ထောင်ထားသည့် မိုင်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးထက်မနည်းသေဆုံး

PDF ထောင်ထားသည့် မိုင်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးထက်မနည်းသေဆုံး

ကသာမြို့နယ် ချောင်းဝ‌ကျေးရွာအနီးတွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်‌ကောင်စီတပ်သည် လမ်းခုလတ်တနေရာ၌ PDF တပ်ဖွဲ့ထောင်ထားသည့် မိုင်းမိ၍  ၁၀ ဦးထက်မနည်း သေဆုံးကာ အများအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အင်အား ၆၈ ဦးခန့်ပါရှိသည့် စစ်ကောင်စီတပ်သည် ချောင်းဝရွာဘက်မှ ဆင်ကုန်တိုင်ရွာဘက်သို့ ဒီဇင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ဝန်းကျင်တွင် ရောက်လာစဉ် မြို့လှ KPDF တပ်မှ အသင့်ထောင်ထားသော H-22 ရှေ့ထွက်မိုင်းမိ၍ ထိခိုက်သူများကာ အထိနာခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီဘက်က သေဆုံးအလောင်းတွေ မြေမြုပ်ထားတဲ့ မြေစာပုံတွေတွေ့ရတယ်။ ပြီးတော့ ဒဏ်ရာရတဲ့သူတွေထဲက အချို့သေလို့ လမ်းမှာတင် မြေမြုပ်ထားခဲ့တာတွေရှိတယ်“ ဟု မြို့လှတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်မှ သေဆုံးအလောင်းများအား မြေမြုပ်ခြင်းနှင့် ဒဏ်ရာရရှိသူများအား ထမ်းစင်များဖြင့် ထမ်းခေါ်ကာ စစ်ကြောင်းနောက်ပြန် ဆုတ်ခွာသွားကြောင်း သိရသည်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...