ယူကေရောက်မြန်မာနိုင်ငံသားများ ရခို်င်အရေး တောင်းဆိုဆန္ဒပြမည်

ယူကေရောက်မြန်မာနိုင်ငံသားများ ရခို်င်အရေး တောင်းဆိုဆန္ဒပြမည်
by -
နိရဥ္စရာ
လာမည့်စက်တင်ဘာလ ၁၅ ရက်နေ့တွင် ယူကေ (ဗြိတိန်နိုင်ငံ) ရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ရခိုင်အရေးနှင့် ပတ်သက်ပြီး မဟုတ်မမှန်စွပ်စွဲခြင်းများ၊ မီဒီယာများမှ မမှန်မကန်သတင်းများ ရေးသား ဖြန့်ဖြူးနေခြင်းများနှင့် ပတ်သက်ပြီး လန်ဒန်ရှိ FCO (နိုင်ငံခြားရေးနှင့် ဓနသဟာယ) ရုံးချုပ်ရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြကန့်ကွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယူကေပါလီမန် အမတ် ၁၅၇ ယောက်တို့က လက်မှတ်ရေးထိုးကာ ပြည်သူများ ရွေးချယ်တင်မြှောက်ထားသော မြန်မာအစိုးရအား ဖိအားပေးခြင်း၊ မဟုတ်မတရားစွပ်စွဲခြင်းများကို ပြုလုပ်သည့် အပြင် မီဒီယာများ၏ မမှန်မကန် သတင်းထုတ်လွှင့်မှုများကို ယူကေရောက် မြန်မာများက ငြိမ်းချမ်းစွာ ဆန္ဒပြ၍ ရခိုင်ပြည်နယ် အရေး ပကတိ အမှန်ဖြစ်စဉ်များအား ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကာ ရှင်းလင်းတင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ရှင်းလင်းတင်ပြရာတွင် ပထမအချက် အနေဖြင့် ရိုဟင်ဂျာ ဟုခေါ်သော မြန်မာတိုင်းရင်းသားမှာ ဘယ်မြန်မာ ရာဇဝင်တွင်မှ မရှိခဲ့ပါကြောင်း၊ ဒုတိယအချက် အနေဖြင့် သူတို့မှာ ရခိုင်ပြည်နယ်အတွင်း နည်းအမျိုးမျိုးနှင့် ဝင်ရောက်နေထိုင်ပြီး ငြိမ်းချမ်းစွာမနေထိုင်ဘဲ လူအုပ်စုဖြင့် စတင် အကြမ်းဖက်ရန်စတိုက်ခိုက်ရာမှ ယခုလိုပြသနာ ကြီးထွားလာရခြင်း ဖြစ်ကြောင်းကို အမှန်အတိုင်း ရှင်းလင်းတင်ပြမည် ဖြစ်ကြောင်း ဆန္ဒပြပွဲကို စီစဉ်သူများက ပြောကြားသည်။

ယူကေရောက် မြန်မာနိုင်ငံသားများအနေဖြင့် အမိမြန်မာနိုင်ငံသားများ အားလုံးနှင့်အတူ ရပ်တည်ပြီး တိုင်းပြည်ကို ကာကွယ်ရန် အချိန်ရောက်ပြီ ဖြစ်ပါကြောင်း၊ အမိမြန်မာနိုင်ငံကြီးကို ကာကွယ်ရန် အတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ အမျိုးသားရေးစိတ်ဓါတ်ပြည့်ဝစွာဖြင့် ပါဝင်လက်တွဲ ဆင်နွဲကြရန်လိုအပ်နေပြီ ဖြစ်ကြောင်း နိုးဆော်ချက်တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကို သောကြာနေ့ နေ့လယ် ၁နာရီမှ ၂နာရီအထိ ပြုလုပ်မည်ဖြစ်သဖြင့် ယူကေ ရောက်မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများ၏ ဆန္ဒပြပွဲကို မပျက်မကွက် လာရောက် ဆန္ဒပြကြပါရန် နိုးဆော် တိုက်တွန်းထားသည်။

ဆန္ဒပြမည့်နေရာမှာ FCO, Foreign and Commonwealth Office , King Charles Street, Westminster, London, SW1A 2AH (Nearest Tube station. Westminster Station) ဖြစ်ကြောင်း သိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...