အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးအေးသာအောင် မောင်တောဒေသသို့သွားရောက်

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးအေးသာအောင် မောင်တောဒေသသို့သွားရောက်
စစ်တွေလေဆိပ်သို့ရောက်ရှိလာသည့် ဦးအေးသာအောင်အား တွေ့ရစဉ်(Photo: နောင်ခိုင်အောင်)
စစ်တွေလေဆိပ်သို့ရောက်ရှိလာသည့် ဦးအေးသာအောင်အား တွေ့ရစဉ်(Photo: နောင်ခိုင်အောင်)
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးအေးသာအောင်သည် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် မောင်တော-ဘူးသီးတောင် ဒေသများသို့သွားရောက်ပြီး အကြမ်းဖက်ခံခဲ့ရသည့် ရခိုင်ပြည်သူများအား ငွေကြေးနှင့် စားနပ်ရိက္ခာများ ထောက်ပံ့နေကြောင်း သတင်းရရှိသည်။

ဦးအေးသာအောင်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ စက်တင်ဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး စစ်တွေမှတဆင့် မောင်တောနှင့် ဘူးသီးတောင် ဒေသသို့ သွားရောက်နေခြင်း ဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက “အဓိကတော့ လွှတ်တော်ကိုယ်စားလှယ်တွေဆီက လက်ခံထားတဲ့ အလှူအတန်းတွေပါလာတယ်။ အဲဒါတွေကို မောင်တောနဲ့ ဘူးသီးတောင်ဒေသသို့သွားပြီး ထောက်ပံ့ပေးနေတာ။ နောက်တစ်ခါ ဒေသခံတွေကိုလည်း အားပေးစကားပြောတယ်။ မောင်တောမှာ သွားလို့ရတဲ့နေရာတွေကို လုံခြံုရေးတွေနဲ့ သွားကြည့်မယ်လို့ဆိုပါတယ်”ဟု ဝန်ကြီးဦးအောင်ကျော်ဇံ က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဦးအေးသာအောင်အား နိရဥ္စရာက ဆက်သွယ်ရာ သူ၏ကိုယ်ရေးအရာရှိဆိုသူက “ဒီကိစ္စနဲ့ပတ်သက်ပြီး လောလောဆယ်မပြောနိုင်သေးပါဘူး။ လမ်းကြောင်းပေါ်မှာပဲရှိနေသေးလို့ပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဦးအေးသာအောင်သည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက လှူဒါန်းလိုက်သည့် ငွေကြေးများအပါအဝင် ဆန်အိတ်များနှင့် တခြား စားနပ်ရိက္ခာများကို သွားရောက် ထောက်ပ့ံပေးနေခြင်းဖြစ်ကြောင်းလည်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...