ကျိုက်မရောထောင်ရှိ နိုင်ငံရေးအကျဥ်းသားများ အစာငတ်ခံဆန္ဒပြဟု သတင်းထွက်ခဲ့

ကျိုက်မရောထောင်ရှိ နိုင်ငံရေးအကျဥ်းသားများ အစာငတ်ခံဆန္ဒပြဟု သတင်းထွက်ခဲ့
ကျိုက်မရောအကျဥ်းထောင် (ပုံဟောင်း)
ကျိုက်မရောအကျဥ်းထောင် (ပုံဟောင်း)

မွန်ပြည်နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် ဒီဇင်ဘာ ၇ ရက်‌နေ့က နိုင်ငံရေးအကျဉ်းသားများအစာငတ်ခံဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု သတင်းထွက်နေသည်။

အင်းစိန်ထောင်တွင် စစ်တရားရုံးက ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်ထားသည့် အပေါ် ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်း အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများနှင့် အဆက်အသွယ်ရှိသူတစ်ဦးက ပြောသည်။

“ကျိုက်မရော အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေ ဆန္ဒပြ‌တယ်လို့ ပြောကြတယ်” ဟု ၎င်းက ပြောသည်။

ကျိုက်မရော အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည်ဟု သိရှိရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အကျဉ်းထောင်တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာ အကျဉ်းထောင်အတွင်း ဆန္ဒပြမှုဖြစ်စဉ် တစ်ခုမှ မရှိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။

မွန်ပြည်နယ်အတွင်း နိုင်ငံရေးအကျဉ်းသားများကို ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီး ထားခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံထားရသူ ၁၃၉ ဦးရှိသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...