မွန်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်

မွန်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်
စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးဇံ
စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးဇံ

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို စွဲဆိုထားသော ရွေးကောက်ပွဲဆိုင်ရာ မလျော်သြဇာသုံးမှုအတွက် ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ရွေးကောက်ပွဲကာလတွင် မလျော်ဩဇာသုံးခဲ့သည်ဟုဆိုပြီး အာဏာသိမ်း စစ်ကောင်စီက ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) အပြင် အမှု နှစ်မှုဖြင့် တရားစွဲဆိုခဲ့သည်။

အဆိုပါ အမှုအတွက် ဒီဇင်ဘာ ၆ ရက်နေ့ ရုံးချိန်းတွင် တရားရုံးမှ အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့ကြောင့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀ (က) အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီး ယခု ပုဒ်မ ၁၇၁(စ) နှင့် အမှု ၂ မှုအတွက် ထောင်ဒဏ် ၂ နှစ်ပါဆို စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ခံထားရခြင်းဖြစ်သည်။

NLD ပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်၊ ကျိုက်ထိုမြို့နယ် NLD ပါတီဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါက်တာအေးဇံဟာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်တွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီးနောက် ပြန်လွတ်လာခဲ့ပေမယ့် နေအိမ်အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံရပြီး ၁၀ ရက်အကြာ နောက်တစ်ကြိမ် အဖမ်းခံခဲ့ရတာလည်းဖြစ်သည်။

လက်ရှိ အသက် ၆၈ နှစ်ရှိပြီဖြစ်သည့် ဒေါက်တာအေးဇံကို ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးထားကြောင်း သိရသည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...