မွန်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်

မွန်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်
စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးဇံ
စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးဇံ

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို စွဲဆိုထားသော ရွေးကောက်ပွဲဆိုင်ရာ မလျော်သြဇာသုံးမှုအတွက် ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ရွေးကောက်ပွဲကာလတွင် မလျော်ဩဇာသုံးခဲ့သည်ဟုဆိုပြီး အာဏာသိမ်း စစ်ကောင်စီက ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) အပြင် အမှု နှစ်မှုဖြင့် တရားစွဲဆိုခဲ့သည်။

အဆိုပါ အမှုအတွက် ဒီဇင်ဘာ ၆ ရက်နေ့ ရုံးချိန်းတွင် တရားရုံးမှ အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့ကြောင့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀ (က) အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီး ယခု ပုဒ်မ ၁၇၁(စ) နှင့် အမှု ၂ မှုအတွက် ထောင်ဒဏ် ၂ နှစ်ပါဆို စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ခံထားရခြင်းဖြစ်သည်။

NLD ပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်၊ ကျိုက်ထိုမြို့နယ် NLD ပါတီဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါက်တာအေးဇံဟာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်တွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီးနောက် ပြန်လွတ်လာခဲ့ပေမယ့် နေအိမ်အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံရပြီး ၁၀ ရက်အကြာ နောက်တစ်ကြိမ် အဖမ်းခံခဲ့ရတာလည်းဖြစ်သည်။

လက်ရှိ အသက် ၆၈ နှစ်ရှိပြီဖြစ်သည့် ဒေါက်တာအေးဇံကို ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးထားကြောင်း သိရသည်။

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...