ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို အဆက်အသွယ်မရရှိသေး

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို အဆက်အသွယ်မရရှိသေး

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း၊ လက်ရှိ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာဒေါက်တာ Hkalam Sam Son ကို စစ်ကောင်စီအဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ၁ ရက်ခန့် ကြာမြင့်လာသော်လည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း သိရသည်။

သိက္ခာတော်ရ ဆရာဒေါက်တာ Hkalam Sam Son သည် ဒီဇင်ဘာလ ၅ ရက် ယမန်နေ့ ၉ နာရီဝန်းကျင် မန္တလေး လေဆိပ်တွင် စစ်ကောင်စီအဖွဲ့ ၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွှဲ ၃ နာရီအထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးကြောင်း မိသားစုနှင့်နီးစပ်သူ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

“အခုချိန်ထိ ဘာသတင်းမှ မကြားရသေးဘူး စုံစမ်းနေဆဲဖြစ်တယ်။ ဘယ်နေရာမှာ ဘယ်လို ထိန်းသိမ်းထားတယ် ဆိုတာကို တိတိကျကျမသိရသေးဘူး။ သူတို့ မိသားစုကိုလည်း ဘာမှအကြောင်းပြန် လာတာမရှိသေးဘူး။ ပြီးရင် စစ်ကောင်စီဘက်ကလည်း ဘာမှ ပြောဆိုလာတာမရှိသေးဘူး”ဟုပြောသည်။

ယမန်နေ့ ဖမ်းဆီးခံရပြီးနောက် နေ့လည် ၁၂ နာရီဝန်းကျင် မန္တလေး လေကြောင်းလိုင်းတစ်ခုဖြင့် မြစ်ကြီးနားသို့ ပို့ဆောင်လိုက်ပြီဟု သတင်းများထွက်ပေါ်ခဲ့ပြီး ကချင်အဖွဲ့အစည်းတစ်ချို့ မြစ်ကြီးနားလေဆိပ်အထိ သွားရောက်ကြိုခဲ့သော်လည်း ဒေါက်တာခလမ်ဆမ်ဆွမ် မပါလာကြောင်း သတင်းအရင်းအမြစ်ကပြောသည်။

ထို့နောက် မီဒီယာတစ်ချို့၏ ဖော်ပြချက်အရ  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) စစ်ကြောရေးသို့ ပို့ဆောင်လိုက်ပြီဟု ရေးသားဖော်ပြမှုများရှိနေသော်လည်း  KNG သတင်းဌာနမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံရသည့် ဒေါက်တာ Hkalam Sam Son အပါ သူ၏ လုပ်ဖော်ကိုင်ဖက် ၃ ဦးနှင့်အတူ ထိုင်းနိုင်ငံ ဘန်ကောက်သို့ သွားရန် ဒီဇင်ဘာလ ၄ ရက်နေ့ မြစ်ကြီးနားလေဆိပ်မှ ထွက်ခွာခဲ့ကြပြီး ၅ ရက်နေ့တွင် မန္တလေး လေဆိပ်တွင် စစ်ကောင်စီအဖွဲ့က ဒေါက်တာ ခလမ်ဆမ်ဆွန် တစ်ဦးတည်းကိုသာ စ်ဆေးမေးမြန်ရန်ရှိကြောင်း ပြောဆိုကာခေါ်ဆောင်သွားခြင်းဖြစ်သည်။

ယခုလို စစ်ကောင်စီအဖွဲ့မှ ဒေါက်တာ Hkalam Sam Son  ကို အကြောင်းမဲ့ ဖမ်းဆီးထားသည့်အပေါ် သက်ဆိုင်ရာမှ အမြန်ဆုံးပြန်လည်လွတ်ပေးရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဖမ်းဆီးခံရသည့် ညချင်းတွင်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်တောင်းဆိုခဲ့သည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...