မုဒုံမြို့နယ်ရှိ ကမာဝက်ချောင်းဝတွင် ရိုဟင်ဂျာ ၇၈ ဦး ဖမ်းဆီးရမိ

မုဒုံမြို့နယ်ရှိ ကမာဝက်ချောင်းဝတွင် ရိုဟင်ဂျာ ၇၈ ဦး ဖမ်းဆီးရမိ
ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများအား တွေ့ရစဥ် (CJ)
ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများအား တွေ့ရစဥ် (CJ)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ချောင်းဝတွင် ရိုဟင်ဂျာ ၇၈ ဦး ဖမ်းဆီးရမိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဒီဇင်ဘာ ၅ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ကမာဝက်ချောင်းဝတွင် ကျောက်ချထားသည့် စက်လှေတစ်စီးကို အာဏာပိုင်တို့က သွားရောက် စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများတွင် အသက်မပြည့်သေးသည့် ကလေးများအပါအဝင် ကျား (၅၆) ဦးနှင့် မ (၂၂) ဦး ပါဝင်ကြောင်း သိရသည်။

ကမာဝက်ချောင်းဝတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများကို ရေတပ်က ခေါ်ဆောင်သွားကြောင်း အာဏာပိုင်တို့နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ကမာဝက်ချောင်းဝမှာ ကျောက်ချထားတာကို သွားစစ်တော့ ရိုဟင်ဂျာတွေ တွေ့တာ။အဲ့တာ ရေတပ်က မော်လမြိုင်ဘက်ကို ရေလမ်းကနေခေါ်သွားတယ်။ အခု မုဒုံမှာ မရှိဘူး” ဟု အဆိုပါအမျိုးသားက ဆိုသည်။

အဆိုပါရိုဟင်ဂျာများသည် ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်ရန် မုဒုံမှတဆင့်သွားရန် ရောက်ရှိလာသည်ဟု ဒေသခံတို့က ပြောဆိုနေသော်လည်း အသေးစိတ်ကိုတော့ မသိရှိကြောင်း ဒေသခံတို့က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာပထမအပတ်ခန့်ကလည်း သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ရိုဟင်ဂျာ ၈၀ကျော်ကို ဖမ်းဆီးရမိခဲ့သေးသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...