စစ်ကောင်စီ ဝင်ရောက်စီးနင်းထားသည့် မှော်ဘုံတွင် ရွာသားအချို့ပိတ်ဆို့ခံထားရ

စစ်ကောင်စီ ဝင်ရောက်စီးနင်းထားသည့် မှော်ဘုံတွင် ရွာသားအချို့ပိတ်ဆို့ခံထားရ
ဖားကန့် ကျောက်စိမ်းမှော် လုံးခင်းကျေးရွာအုပ်စု မြင်ကွင်း
ဖားကန့် ကျောက်စိမ်းမှော် လုံးခင်းကျေးရွာအုပ်စု မြင်ကွင်း

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းထားပြီး ကျေးရွာနေပြည်သူတစ်ချို့လည်း ပိတ်ဆို့ခံထားရကြောင်း  ဒေသခံများပြောသည်။

ဒီဇင်ဘာလ ၅ ရက် ယမနေ့ ညနေ ၄ နာရီဝန်းကျင်မှ မှော်ဘုံကျေးရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့ ဝင်ရောက်နေထိုင်သည်ဟု စစ်ကောင်စီအဖွဲ့က စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး လက်ရှိ ကျေးရွာနေရာများတွင် သွားလာ၍မရအောင် ပိတ်ဆို့ထားသည့်အပြင် ဒေသခံတစ်ချို့လည်း ဖမ်းဆီးခံထားရကြောင်း ဖားကန့်မြို့ပေါ်ရောက်ရှိနေသည့် မှော်ဘုံဒေသခံ အမျိုးသားတစ်ဦး KNG ကိုပြောသည်။

“ရွာရဲ့ ဘုန်းကြီးကျောင်းမှာ တစ်ချို့ ဖမ်းဆီးခံထားရတယ်။ ရွာသားတွေကိုလည်း ထွက်ခွင့်မပေးဘူး ဖမ်းထားတဲ့သူတွေကိုလည်း ဘုန်းကြီးကျောင်းထဲမှာ ဝိုင်းထားတယ်။ အဖမ်းမခံရပဲ ရွာထဲမှာကျန်နေတဲ့ သူတွေကိုလည်း ထွက်ခွင့်မပေးဘူး ပိတ်မိနေတာဖြစ်တယ်။ ကျန်တဲ့ တူမောင်တွေလည်း ရွာထဲမှာ ပိတ်မိနေတာ ဖမ်းခံရတဲ့သူတွေဘယ်လောက်ရှိလဲတောင်မသိရဘူး သူတို့ရဲ့ အနားတောင် ကပ်လို့မရဘူးလို့ပြောတယ်”ဟုပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီစစ်သားများသည် ကျေးရွာကို ဝန်းရံပိတ်ဆို့ထားသည့်အတွက် ကျေးရွာအတွင်း ဝင်ရောက်ရန် ခက်ခဲနေပြီး ရွာအတွင်းကျန်ရှိသည့် ပြည်သူများကိုလည်း ဆက်သွယ်ရန် ခက်ခဲနေကြောင်း ဆက်ဆိုသည်။

“တချို့တွေက ဖမ်းခံရတဲ့ထဲမှာပါတယ်။ တစ်ချို့ကတော့ မပါဘူး ဖုန်းလည်း ဆက်သွယ်လို့မရဘူး သူတို့ရဲ့ဖုန်းတွေ စက်ပိတ်ထားတယ်။ စစ်သားတွေဝိုင်းထားတော့ ကြောက်နေကြတယ်”ဟုပြောဆိုသည်။

မှော်ဘုံကျေးရွာအတွင်းနေထိုင်သည့် ကျေးရွာနေပြည်သူတစ်ချို့သည် ယမန်နေ့ စစ်ကောင်စီအဖွဲ့ စတင်ဝင်ရောက်လာချိန်မှစတင်၍ ဖားကန့်၊ လုံးခင်း၊ ကျေးရွာနေရာများတွင် တိမ်းရှောင်ခဲ့ကြရပြီး လက်ရှိတွင် တိမ်းရှောင်ခွင့်မရသည့် ပြည်သူများသာ ပိတ်မိနေဆဲဖြစ်သည်။

လက်ရှိ ကျေးရွာအတွင်း စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံရသည့်သူများနှင့်ပတ်သက်ပြီး KNG သတင်းဌာနမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယမန်နေ့တွင် စစ်ကောင်စီအဖွဲ့ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းမှုကြောင့် နှစ်ဖက်တပ် ပစ်ခတ်မှု ၁ နာရီိခန့်အကြာရှိခဲ့ကြောင်း ဒေသခံများပြောသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၂၅ ရက်နေ့နောက်ပိုင်းလည်း ဖားကန့်မြို့နယ်ရှိ ကောင်စံ၊ သောင်းကော့ ၊ ကရင်ချောင်း စသည့်နေရာများတွင် စစ်ကောင်စီအဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်မှုများရှိခဲ့ကာ ဒေသခံပြည်သူများ ၈၀ ကျော်ခန့် ဖမ်းဆီးခံခဲ့ရသည်။

ဖားကန့်ဒေသအတွင်း KIA နှင့် PDF ရှိသည်ဟု ယူဆရသည့်နေရာများတွင် စစ်ကောင်စီအဖွဲ့က စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းများ ရှိနေသသည်။

Most read this week

Photo credit - CJ
December 8, 2025
ဖားကန့် မှော်ဆီစာကျေးရွာအုပ်စု မလောင်ကျေးရွာ(Marau)ကျေးရွာထဲမှာ စစ်တပ်ပစ်လိုက်တဲ့...
December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...