ဖားကန့် လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

ဖားကန့် လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်ရပ်ကွက်တွင်ရှိသည့် JM မိုဘိုင်းဖုန်းဆိုင် ဓါးပြတိုက်ခံရပြီး ဖုန်း ၇ လုံးအပါအဝင် ငွေသား ၁၀ သိန်းဝန်းကျင် လုယူသွားကြောင်းသိရသည်။

ဒီဇင်ဘာလ ၂ ရက် ယနေ့နံနက်ပိုင်း ၉ နာရီဝန်းကျင် ဆိုင်အတွင်း ဝင်ရောက်ဓါးပြတိုက်ခံရမှုတွင် Samsung ဖုန်း ၂လုံး၊ Vivo ဖုန်း ၅ လုံး၊ Service စင်တာမှ ငွေသား ၁၀ သိန်း၊ ကောင်တာမှ ငွေ ၁၂၀၀၀ ကျပ် စုစုပေါင်း သိန်း ၅၀ ဖိုး ဓါးပြတိုက်လုယူသွားသည်ဟု ဆိုင်ရှင်နှင့်နီးစပ်သူ ပြည်သူတစ်ဦး KNG ကိုပြောသည်။

“ဆိုင်ဓားပြတိုက်ခံရတာက မနက်ပိုင်း ၉ နာရီလောက်မှာဟုတ်တယ်။ ဆိုင်ထဲဝင်လာတာက ၂ ယောက်ထဲပဲ အပြင်မှာလုံးခြုံရေးယူပေးနေတဲ့ သူတွေက ဘယ်လောက်ရှိလဲတော့မသိဘူး။ ဖုန်းတန်ဖိုးနဲ့ ငွေသား အားလုံးပေါင်းရင် သိန်း ၅၀ ကျော်လောက်ရှိတယ်လို့သိရတယ်”ဟုဆိုသည်။

ဖုန်းဆိုင်အတွင်း ဓါးပြဝင်ရောက်တိုက်သည့် လူ ၂ ဦးသည် ဆိုင်အတွင်းမှ ထွက်ခွာသွားခဲ့ပြီးနောက် လမ်းတွင်သွားလာနေသည့် ပြည်သူ တစ်ဦး၏ ဆိုင်ကယ်တစ်စီးကိုလည်း ထပ်မံလုယက် မောင်းနင်းသွားသည်ဟု သိရသည်။

ဓါးပြဝင်တိုက်သည့် လူ ၂ ဦး၏ မျက်နှာများအုပ်ထားသည့်အတွက် မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်မသိလိုက်ရကြောင်း သိရသည်။

ယခုလို ဖုန်းဆိုင်အတွင်းထဲအထိ ဓါးပြတိုက်ခံရမှုမှာ ဖားကန့်ဒေသအတွင်း ခိုးယက်မှု အလွန်များပြားလာသည့် အခြေအနေတွင် ဖြစ်ပေါ်လာပြီး နယ်မြေစိုးမိုးမှုအလွန်အားနည်းသည့်အတွက်ကြောင့်လည်းဖြစ်သည်ဟု ဒေသခံများပြောဆိုသည်။

ဖားကန့်မြို့နယ်သည် သီးခြားမြို့နယ်များထက် လူမျိုးပေါင်းစုံ ကျင်လည်နေသည့် ကျောက်စိမ်းထွက်ရှိသည့် မှော်ဒေသဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းပြီး ယခုလိုဖြစ်စဉ်များ ပြည်သူလူထုကြား မကြာခဏ ကြုံတွေ့နေရခြင်းဖြစ်သည်။

July 20, 2026
ကချင်ပြည်၊ ပူတာအိုမြို့အခြေစိုက် ခ.လ.ရ (၄၆) ဗျူဟာတပ်မှ ခေါင်လန်ဖူးမြို့နယ် အတွင်းသို့...
July 17, 2026
မန္တလေး - မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနှင့် အင်းတော် - ကသာလမ်းပိုင်း တိုက်ပွဲများအတွင်း...
July 17, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်...
July 16, 2026
ကချင်ပြည်အတွင်းရှိ မြို့နယ် ၃ ခုတွင် ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည့်အပြင်...