မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတံတားအနီး ရဲကင်း မီးလောင်

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတံတားအနီး ရဲကင်း မီးလောင်

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ အိန္ဒိယ-မြန်မာနယ်စပ်အမှတ် ၂ နယ်စပ်ကုန်သွယ်ရေး တံတားအနီးရှိ ရဲကင်း ယမန်နေ့ည သံခေါင်ယံကျော်က မီးလောင်ကျွမ်းခဲ့သည်ဟု သိရသည်။

“မီးလောင်တာ ည ၁၁ - ၁၂ နာရီ ကြားလောက်မှာ စလောင်တာ ဘယ်သူဘယ်ဝါက မီးရှို့တာလည်းဆိုတာ မသိဘူး။ ဘေးအိမ်တွေ ကူးဆက်လောင်တာတွေတော့မရှိဘူး၊ မီးကို မနေ့ည ညအချိန်မှာပဲ ပြန်ငြိမ်းသတ်နိုင်ခဲ့တယ်”  ဟု အခင်းနီးရှိ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ရဲကင်းသည် နွေဦးတော်လှန်ရေးဖြစ်ပွားသည့်နောက်ပိုင်းတွင် တာဝန်ထမ်းဆောင်သည့် ရဲတစ်ယောက်မှမရှိတော့ပဲ နယ်စပ်ဒေသတွင် ငွေလွဲလုပ်ကိုင်နေကြသူများ၊ ကုန်တင်ကုန်ချလုပ်သည့် အလုပ်သမားများ နားနေရာစခန်းအဖြစ် အသုံးပြုကြသည်ဟု သိရသည်။

“အဲဒီအဆောက်အဦးက သေးသေးလေးပဲ အရင်တုန်းက ရဲတွေနေတာလေ၊ အခုတော့ ရဲ ကော် လဝက တွေလည်း တစ်ယောက်မှမရှိတော့ဘူးလေ၊ ဒီတိုင်းပဲနေနေတာ ငွေလွဲတွေ၊ အလုပ်သမားတွေက နားနေရာစခန်းအဖြစ် အသုံးပြုကြတယ်လေ၊ ဘယ်သူတွေ မီးရှို့လိုက်လဲမသိဘူး” ဟု နယ်စပ်နေဒေသခံတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းရသည့်အကြောင်းကိုလည်း မသိရသော်လည်း ရှို့မီးဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...