“ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျော်ဘုတ်ရပ်ကွက်တွင် CNA/CDF သောင်းကျန်းသူများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ” ဆိုတဲ့သတင်းအမှား

“ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျော်ဘုတ်ရပ်ကွက်တွင် CNA/CDF သောင်းကျန်းသူများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ” ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို Fifty Two News ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့် Facebook အကောင့်ကနေပြီး “နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၁၁ နာရီခန့်က ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်၌ CNA/CDF သောင်းကျန်းသူများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မောင်တီရွန်ခွာကျဲအိုထန်နှင့် မောင်ချန်ကူးလျန်တို့မှာ မိုင်းစထိမှန် ဒဏ်ရာရခဲ့ပြီး မောင်ဗန်စောလွမ်မှာ မိုင်းစဖောက်ဝင် ဒဏ်ရာများဖြင့်သေဆုံးသွားကြောင်း သိရှိရပါသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

 

ဖြစ်စဉ်မှာ “ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ် ကျောဘုတ်ရပ်ကွက်တွင် နိုဝင်ဘာလ ၁၅ ရက်နေ့ည ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး Shalom Van ပွဲချင်းသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။”

 

နိုဝင်ဘာလ ၁၅ ရက်နေ့ညက ၁၀ နာရီခွဲခန့်က ဟားခါးမြို့တွင် သေနတ်ပစ်ခတ်သံများထွက်ပေါ်လာပြီး နောက် ကျောဘုတ်ရပ်ကွက်ရှိ မိုးဟိန်းသောက်ရေသန့်စက်ရုံဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့တာလို့ ဟာခါးဒေသခံတစ်ဦးကပြောပါတယ်။

 

“တယောက်ကတော့ ဆုံးသွားတယ်၊ အဲဒီညက ပစ်ခတ်မှုက နည်းနည်းတော့ရှိတယ် သေနတ်အသံတွေက မကြာဘူး မိနစ်ပိုင်းလာက်ပဲဖြစ်မှာ ခနနေတော့ လက်နက်ကြီးတစ်ကြိမ်ပဲကျတာ ပြီးတော့ အဲ့လိုဖြစ် သွားတာ”

 

ဒါကြောင့် စစ်ကောင်စီဝါဒဖြန့် Fifty Two News သတင်း မှာဖော်ပြတဲ့ “ကျော်ဘုတ်ရပ်ကွက်တွင် CNA/CDF သောင်းကျန်းသူများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ” ဆို့တဲ့သတင်းဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Most read this week

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...