ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်တဝိုက်ကို စစ်ကောင်စီက ရဟတ်ယာဉ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်

ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်တဝိုက်ကို စစ်ကောင်စီက ရဟတ်ယာဉ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမြစ်လွင်ပြင်တဝိုက်ကို ယနေ့နေ့လယ် ၁၂ နာရီခန့်ကစ၍ စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်နှင့် လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ကလေးမြို့ဘက်မှတက်လာသော စစ်ကောင်စီ၏ ရဟတ်ယာဉ်သည် ဟားခါးမြို့ကို ပတ်ကာ ပျံဝဲပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဟု ယူဆသော သီမြစ်လွင်ပြင်တဝိုက်နှင့် အနီးနားတောင်ကုန်းများကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ဟားခါးမြို့ပေါ်မှာအထိုင်ချသော စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ထပ်မံလှမ်းထုနေသည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

“ရဟတ်ယာဉ်နဲ့ပစ်ပြီးတဲ့နောက်မှာ အခု ဟားခါးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ လှမ်းထုနေတယ် အကြိမ်ရေကလည်း များနေပြီ ခုထိကြားနေရတုန်းပဲ” ဟု ဟားခါးဒေသခံကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ချင်းတောင်တွင် လေကြောင်း တိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာခဲ့ပြီး ဖလမ်းမြို့နယ် သီးဘွာလ်ရွာအနီးတိုက်ပွဲတွင်လည်း ဂျက်လေယာဉ်နှင့် တိုက်ပွဲသုံး ရဟတ်ယာဉ်များဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာကြောင်း ချင်းအမျိုးသားတပ်ဦး CNF ကလည်း အစောပိုင်းက ပြောဆိုခဲ့ပြီးဖြစ်သည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...