စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဆည်ကြီးရွာက အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဆည်ကြီးရွာက အမျိုးသမီးတစ်ဦး သေဆုံး
ဆည်ကြီးရွာအဝင် တံတား
ဆည်ကြီးရွာအဝင် တံတား

ကလေးမြို့ အနောက်မြောက်ဘက်ဘက် ဆည်ကြီး (Vaphai) ကျေးရွာတွင် ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ အရွယ်ခန့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့နေ့လယ်ပိုင်းက ကလေးမြို့ အနောက်မြောက်ဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေခဲ့သည်ဟု သိရသည်။

အဆိုပါလက်နက်ကြီးသည် ဆည်ကြီးကျေးရွာထဲ ကျရောက်ပေါက်ကွဲကာ ယခုကဲ့သို့ အဖြစ်ဆိုးမျိုး ကြုံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ကလေးမြို့တွင် ယခုရက်ပိုင်းအတွင်း သေနတ်သံ လက်နက်ကြီးသံများ မကြာခဏကြားနေရပြီး မြို့တွင်းမှာလည်း လုံခြုံရေးစစ်ဆေးမှုများ ယခင်ကထက် တင်းကြပ်ထားသည်ဟု သိရသည်။

ပုံစာ- ဆည်ကြီးရွာအဝင် တံတား

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...