စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဆည်ကြီးရွာက အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဆည်ကြီးရွာက အမျိုးသမီးတစ်ဦး သေဆုံး
ဆည်ကြီးရွာအဝင် တံတား
ဆည်ကြီးရွာအဝင် တံတား

ကလေးမြို့ အနောက်မြောက်ဘက်ဘက် ဆည်ကြီး (Vaphai) ကျေးရွာတွင် ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ အရွယ်ခန့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့နေ့လယ်ပိုင်းက ကလေးမြို့ အနောက်မြောက်ဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေခဲ့သည်ဟု သိရသည်။

အဆိုပါလက်နက်ကြီးသည် ဆည်ကြီးကျေးရွာထဲ ကျရောက်ပေါက်ကွဲကာ ယခုကဲ့သို့ အဖြစ်ဆိုးမျိုး ကြုံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ကလေးမြို့တွင် ယခုရက်ပိုင်းအတွင်း သေနတ်သံ လက်နက်ကြီးသံများ မကြာခဏကြားနေရပြီး မြို့တွင်းမှာလည်း လုံခြုံရေးစစ်ဆေးမှုများ ယခင်ကထက် တင်းကြပ်ထားသည်ဟု သိရသည်။

ပုံစာ- ဆည်ကြီးရွာအဝင် တံတား

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...