ချင်းပြည်နယ် ဖလမ်းသီးဘွာလ်တွင် စစ်ကောင်စီက ရိက္ခာနှင့်လက်နက်များ ဖြည့်တင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

ချင်းပြည်နယ် ဖလမ်းသီးဘွာလ်တွင် စစ်ကောင်စီက ရိက္ခာနှင့်လက်နက်များ ဖြည့်တင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

ချင်းပြည်နယ် ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအတွက် တိုက်ပွဲသုံးရဟတ်ယာဉ်နှစ်စင်းဖြင့် စားနပ်ရိက္ခာနှင့် လက်နက်အကူများအား ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က လာရောက်ဖြည့်တင်းမှုများရှိနေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် သီးဘွာလ်တပ်စခန်းသို့ ရိက္ခာများလာရောက်ဖြည့်တင်းပြီးနောက် နံနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် တိုက်ပွဲသုံးရဟတ်ယာဉ် MI-35 ဖြင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကို လာရောက်ပစ်ခတ်ခဲ့သည်ဟု CNO/CNDF ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်း ၁၁ နာရီခွဲကျော်ကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ကို CNDF လက်ဖြောင့်တပ်သားများ (Snipers) မှ ချောင်းပစ်ခတ်ခဲ့ရာ စကစတပ်သား (၂) ဦး သေဆုံးသွားပြီး ကျည် (၂၀၀)ကျော် သိမ်းဆည်းနိုင်ခဲ့သည်ဟ သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်တည်ရှိသော သီးဘွာလ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရန် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက် မနက်ကစ၍ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ဒရုန်းများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့နှင့် ယနေ့ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခဲ့ကြသည်။

သီးဘွာလ်တိုက်ပွဲတွင် အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့သည် ဂျက်တိုက်လေယာဉ် (၂) စီး၊ တိုက်ပွဲသုံးရဟတ်ယာဉ် (၅) စီးဖြင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကို အပြင်းအထန် တိုက်ခိုက်မှုများပြုလုပ်လျှက်ရှိသည်။

April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...