စစ်ကောင်စီက ဖားကန့်ဒေသကို ရာနှုန်းပြည့်ထိန်းချုပ်နိုင်ဖို့ ပိတ်ဆို့မှုတွေပြုလုပ်

စစ်ကောင်စီက ဖားကန့်ဒေသကို ရာနှုန်းပြည့်ထိန်းချုပ်နိုင်ဖို့ ပိတ်ဆို့မှုတွေပြုလုပ်

- ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသကို အာဏာသိမ်းစစ်ကောင်စီက ရာနှုန်းပြည့်ထိန်းချုပ်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF အဖွဲ့တို့ကို အင်အားကျဆင်းသွားအောင် ပိတ်ဆို့မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

- စစ်ကောင်စီတပ်က ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခေါ်ဆောင်ပြီး မိုးမောက်မြို့နယ် လုံဂျာဘွမ်ဘက်ကို စစ်အင်အား၊ ရိက္ခာနဲ့လက်နက်တွေပို့ဆောင်နေတယ်လို့ မိုးမောက်ဒေသခံတွေက ပြောပါတယ်။

- စစ်ဘေးရှောင်စခန်းရုပ်သိမ်းဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်က အခုချိန် စစ်ဘေးရှောင်ပြည်သူတွေကို စာရင်းကောက်ယူပြီး နေရပ်ပြန်ဖို့ အတင်းအဓ္ဓမ တွန်းအားပေးနေတဲ့အပေါ် စစ်ဘေးရှောင်ပြည်သူတွေရဲ့အသံကို တင်ပြထားပါတယ်။

September 21, 2026
- မွန်တော်လှန်ရေးတပ်တွေ ပေါင်းစည်းရေး ကြိုးပမ်းမှုအကြားက ပူးပေါင်းဆောင်ရွက်မှု...
September 21, 2026
- ရန်ကုန်မှာ ဖမ်းဆီးပေါ်တာဆွဲမှုတွေများပြားနေချိန်မှာ ရခိုင်ဝန်ကြီးက ရိုးရာကျင်ပွဲကျင်းပဖို့...
September 19, 2026
- မွန်မှာ ထိုင်းကုန်ပစ္စည်းတွေ ပြတ်လပ်လာမှုနဲ့အတူ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် ပြည်သူတွေ...
September 19, 2026
- ကချင်ပြည်နယ် ရွှေကူ-ဗန်းမော်ရေကြောင်းလမ်းမှာ စုန်ဆင်း၊ ဆန်တက်နေတဲ့ စစ်တပ်ရဲ့စစ်သင်္ဘောအပါအဝင်...