အလိုတော်ပြည့်ဆရာတော်ကြီး၏ ရခိုင်ခရီးစဉ်အတွင်း ဆန်အိတ် ၁၅၀၀၊ ပဲအိတ် ၅၀၀နှင့် ကျပ်ငွေ သိန်း ၅၀၀ ကျော်ကူညီလှူဒါန်းခဲ့

အလိုတော်ပြည့်ဆရာတော်ကြီး၏ ရခိုင်ခရီးစဉ်အတွင်း ဆန်အိတ် ၁၅၀၀၊ ပဲအိတ် ၅၀၀နှင့် ကျပ်ငွေ သိန်း ၅၀၀ ကျော်ကူညီလှူဒါန်းခဲ့
by -
နိရဥ္စရာ
တောင်ပြိုမြို့တွင် ကူညီ လှူဒါန်းနေစဉ် (ဓာတ်ပုံ- နံ့သာတောင်ဆရာတော်)
တောင်ပြိုမြို့တွင် ကူညီ လှူဒါန်းနေစဉ် (ဓာတ်ပုံ- နံ့သာတောင်ဆရာတော်)
အလိုတော်ပြည့် ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအရိယဝံသ၏ ရခိုင်ခရီးစဉ် အတွင်းအကြမ်းဖက်သမားများ၏ ရန်မှထွက်ပြေးလာကြရသူများနှင့် ရပ်ရွာထဲတွင် ကျန်နေခဲ့သည့် ရခိုင်တိုင်းရင်းသားများအတွက် ဆန်အိတ် ၁၅၀၀၊ ပဲအိတ် ၅၀၀နှင့် ကျပ်ငွေ သိန်း ၅၀၀ ကျော်တို့အား သူ၏ရခိုင်ခရီးစဉ်အတွင်း ကူညီလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

“ စစ်တွေမြို့ပေါ်မှာ လက်ရှိ ခိုလုံတဲ့ဒုက္ခသည်စခန်း ၁၄ ခုကို သွားရောက်ပြီး ဆန် ၁၅ အိတ်နဲ့တစ်ခြားလိုအပ်တဲ့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စတဲ့ ရိက္ခာတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေကို သွားရောက်ပြီး ဆက်လက် ကူညီလှူဒါန်းခဲ့ပါတယ်” ဟု ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်း လက်ထောက်ဆရာတော် ဦးကုမာရက ပြောကြားသည်။

အလိုတော်ပြည့် ဆရာတော်ကြီး စက်တင်ဘာ ၃ရက်နေ့က ရသေ့တောင်မြို့သို့ ရဟတ်ယာဉ်ဖြင့် ကိုယ်တိုင် သွားရောက်ကူညီ လှူဒါန်းခဲ့သလို စက်တင်င်္ဘာ ၄ ရက်နေ့က ဘူးသီးတောင်မြို့သို့ သွားရောက်ကူညီ လှူဒါန်းခဲ့သည်။

စက်တင်ဘာလ ၅ ရက်နေ့က မောင်တော၊ နံသာတောင်၊ အောင်သပြေနှင့်တောင်ပြို လက်ဝဲမြို့များသို့ ရဟတ်ယာဉ်ဖြင့် ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့သည်။

“ စုစုပေါင်း လှူဒါန်းတဲ့ ဆန်အိတ်က ၁၅၀၀၊ ပဲအိတ် ၅၀၀၊ ငွေက သိန်း ၅၅၀ ဖြစ်ပါတယ်။ ဒါတွေကို ရန်ကုန်အခြေစိုက် လေးကျွန်းသူ အမျိုးသမီးအဖွဲ့၊ ရန်ကုန်နဲ့ မန္တလေးက ရုပ်ရှင်သရုပ်ဆောင်တွေ ပါ၀င်ဖွဲ့စည်းထားတဲ့ မေတ္တာသင်္ဂဟ အဖွဲ့ ၊ ခိုင်းနှင်းဝေ ပရဟိတ အဖွဲ့အပါအဝင် အလိုတော်ပြည့် တပည့် တကာမတွေက ကူညီလှူဒါန်းတာ ဖြစ်ပါတယ်” ဟု ဦးကုမာရက ပြောကြားသည်။

အလိုတော်ပြည့် ဆရာတော်ကြီးသည စက်တင်ဘာ ၁ ရက်နေ့မှ ၆ ရက်နေ့ထိ ရခိုင်သို့သွားရောက်ခဲ့စဉ် ၎င်းအကူအညီများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...