မွန်ပြည်နယ်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ပြစ်ဒဏ်ခံနေရသူများအပါအဝင် အကျဥ်းသား ၁၈၇ ဦး လွတ်လာ

မွန်ပြည်နယ်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ပြစ်ဒဏ်ခံနေရသူများအပါအဝင် အကျဥ်းသား ၁၈၇ ဦး လွတ်လာ
ကျိုက်မရောဗဟိုအကျဉ်းထောင်
ကျိုက်မရောဗဟိုအကျဉ်းထောင်

မွန်ပြည်နယ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် အကျဥ်းသား ၁၈၇ ဦးရှိပြီး ၎င်းထဲတွင် ပုဒ်မ ၅၀၅ (က) ဖြင့် အကျဥ်းကျနေသည့် အကျဉ်းသား ၃၇ ဦးလည်း ပါဝင်သည်ဟု သိရသည်။

အမျိုးသားနေ့အထိမ်းအမှတ်အနေဖြင့် နိုဝင်ဘာ ၁၇ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်အမှတ် (၇၀/၂၀၂၂) အရ ကျင့် ၄၀၁၊ ပုဒ်မခွဲ (၁) အရ နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းအချိန်က တစ်နိုင်ငံလုံးက အကျဥ်းသားတွေကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ပြန်လွတ်လာသည့် အကျဥ်းသား ၁၈၇ ဦးအနက် ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် ရိုးရိုးအမှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား ၄၂ ဦး၊ အကျဉ်းသူ ၂၃ ဦးပါဝင်ပြီး ပုဒ်မ ၅၀၅ (က) ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား ၂၄ ဦးနှင့် အကျဉ်းသူ ၁၃ ဦး ပါဝင်သည်ဟု မော်လမြိုင်အကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းပြင် မော်လမြိုင်အကျဉ်းထောင်တွင် ရိုးရိုးအမှုများဖြင့် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား ၃၉ ဦးနှင့် အကျဉ်းသူ ၄၆ ဦးလည်း လွတ်မြောက်လာခဲ့သည်။

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် အယုံအကြည်မရှိကြောင်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသူတို့က ပြောသည်။

စစ်ကောင်စီ၏ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အပေါ် လက်ရှိ တိုက်ပွဲဝင်နသူ အသက် ၂၆ နှစ်အရွယ်အမျိုးသမီးတစ်ဦးက “၅၀၅ နဲ့ လွတ်လာတဲ့ သူတွေအတွက်တော့ တကယ်ဝမ်းသာပါတယ်။ ဒါပေမယ့် လွတ်ငြိမ်းပေးတာကိုတော့ ကျေးဇူးတင်လို့မရဘူး။ ကျေးဇူးတင်စရာလည်းမလိုပါဘူး။ လွှတ်ပေးတယ်ဆိုပေမယ့် ကြိုက်တဲ့အချိန် ပြန်ဖမ်းနေတာပဲလေ။ လွတ်လာပေမယ့် လုံခြုံမှုကတော့ ဇီးရိုးပါ” ဟု ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများအနေဖြင့် နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံရမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ထောင်လွတ်လက်မှတ်များနှင့် လမ်းစရိတ်ငွေများ ပေးအပ်စေလွှတ်ခဲ့ကြောင်း သိရသည်။

၁၀၂ ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက မြန်မာတစ်နိုင်လုံးရှိ အကျဉ်းသား အကျဉ်းသူပေါင်း ၅၇၇၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...