ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များ ခမ်းခမ်းနားနားမလုပ်ကြရန် ဟားခါး ခရစ်ယာန်ဂိုဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့က ထုတ်ပြန်

ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များ ခမ်းခမ်းနားနားမလုပ်ကြရန် ဟားခါး ခရစ်ယာန်ဂိုဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့က ထုတ်ပြန်

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့တွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များကို ခမ်းခမ်းနားနားဖြင့် ကျင်းပခြင်းမပြုလုပ်ကြရန် ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်း စုံဓမ္မအမှုတော်ဆောင်များအဖွဲ့က ထုတ်ပြန်သည်။

မကြာခင်ရောက်ရှိလာတော့မည့် ခရစ်ယာန်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးပွဲတော်အတွက် ဘုရားကျောင်းပြင်ပအလှဆင်ခြင်း၊ မြို့/ရပ်ကွက်များ အလှဆင်ခြင်းမပြုလုပ်ရန်၊ ရပ်ကွက်အလိုက် လူထုအစည်းအဝေးများဖြင့် ညစာအတူတကွသုံးဆောင်ခြင်းများ မပြုလုပ်ရန်နှင့် ကိုယ့်ဘုရားကျောင်းတွင်သာ ဂုဏ်တော်ချီးမွမ်းဝတ်ပြုကြရန် ဟားခါး ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့က နိုဝင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ခရစ္စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော်တွေကို ကျင်းပတဲ့အခါမှာ ဘုရားကျောင်းမှာရော ရပ်ကွက်တွေမှာ အသားသတ်ပြီး စားပွဲတွေမလုပ်ဖို့၊ carol singing တွေမသွားဖို့၊ အပြင်မှာ decoration အလှဆင်တာတွေမလုပ်ဖို့ပေါ့နော်၊ ဒါပေမဲ့ ဘုရားကျောင်းထဲ၊ အိမ်ထဲတွေမှာတော့ လုပ်လို့ရတာပေါ့နော် အဲတာတွေက ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု ဟားခါးမြို့ မှ သင်းအုပ်ဆရာတော်တပါးကပြောသည်။

ကိုဗစ် ၁၉ ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ဟားခါးမြို့တွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များကို စည်းစည်းကားကားဖြင့် မကျင်းပသည်မှာ ၂ နှစ်ရှိသွားပြီဖြစ်ကာ ယခုနှစ်တွင်လည်း နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် ပွဲတော်များကိုလည်း စည်စည်ကားကား မကျင်းပဘဲ ငြိမ်သက်စွာကျင်းပကြရန် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိရသည်။

ယခုထုတ်ပြန်ချက်သည် ချင်းပြည်နယ်တစ်ခုလုံးအတွက်မဟုတ်ဘဲ ဟားခါးမြို့တွင်းအတွက်သာ ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု သိရသည်။

April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...