ဟားခါးမြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူငယ် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ဟားခါးမြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူငယ် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ် ကျောဘုတ်ရပ်ကွက်တွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ်လူငယ်တစ်ဦး ပွဲချင်းသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ညက ၁၀ နာရီခွဲခန့်က ဟားခါးမြို့တွင် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် ကျောဘုတ်ရပ်ကွက်ရှိ မိုးဟိန်းသောက်ရေသန့်စက်ရုံဝင်းအတွင်း နေအိမ်ပေါ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ညအိပ်စောင့်သည့် ဝန်ထမ်း ၃ ဦး ကျည်ဆံထိမှန်ကာ အသက် ၁၄ နှစ်အရွယ်တစ်ဦးမှာ ပွဲချင်းသေဆုံးခဲ့သည်ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။

”တယောက်ကတော့ ဆုံးသွားတယ်၊ အလောင်းလဲ အိမ်မှာမသယ်သေးဘူး ဆေးရုံမှာပဲရှိသေးတယ်။ သူတို့က ယောင်္ကျားလေးတွေပဲ၊ မနေ့ညက ပစ်ခတ်မှုက နည်းနည်းတော့ရှိတယ် သေနတ်အသံတွေက မကြာဘူး မိနစ်ပိုင်းလာက်ပဲဖြစ်မှာ ခနနေတော့ လက်နက်ကြီးတစ်ကြိမ်ပဲကျတာ ပြီးတော့ အဲ့လိုဖြစ်သွားတာ” ဟု ဟားခါးဒေသခံက ပြောသည်။

သေဆုံးသူသည် Shalom Van ဟုသိရပြီး ဒဏ်ရာရရှိသူ ၂ ဦးမှာ ဟားခါးပြည်သူ့ ဆေးရုံသို့ ဆေးကုသမှုခံယူလျှက်ရှိပြီး တစ်ဦးမှာ ခြေထောက်နှစ်ဖက်ပြတ်သွားသည်ဟု သိရသည်။

ကျောဘုတ်ရပ်ကွက်သည် ဟားခါးမြို့မှ မတူပီမြို့သွားသည့် လမ်းအထွက်ဘက်တွင် တည်ရှိပြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုလည်းရှိသောကြောင့် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Hakha တို့ မကြာခဏ ပစ်ခတ်မှုများလည်းရှိသည်ဟု သိရသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...