MRRC အဖွဲ့မှ အိန္ဒိယရူပီ တစ်သိန်းကျော်ဖိုး အစားအသောက်များအား မြန်မာစစ်ဘေးရှောင်စခန်း ၃ ခုတွင် သွားရောက်ထောက်ပံ့ပေးခဲ့

MRRC အဖွဲ့မှ အိန္ဒိယရူပီ တစ်သိန်းကျော်ဖိုး အစားအသောက်များအား မြန်မာစစ်ဘေးရှောင်စခန်း ၃ ခုတွင် သွားရောက်ထောက်ပံ့ပေးခဲ့

မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ MRRC-M မှ အိန္ဒိယငွေ ၁၃၀,၀၀၀/- ဖိုး အစားသောက်များကို ကျိမ်ဖိုင်းခရိုင်ရှိ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်စခန်း ၃ ခုတွင် သွားရောက် ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် ကျိမ်ဖိုင်းခရိုင်ရှိ အိုင်သီအိုင်စခန်း, ဇောသဲစခန်းနင့် ဇောလ်စီယ်စသော ဒုက္ခသည်စခန်းတွင် မြန်မာစစ်ဘေးရှောင် ၄၀၀ ကျော်ခန့်ရှိပြီး နိုဝင်ဘာ ၇ ရက်နေ့တွင်

မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ (MRRC-M) မှ အစားသောက်များကို သွားရောက်ကူညီပံ့ပို့ခဲ့သည်။

မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ (MRRC-M) သည် မြန်မာနိုင်ငံ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး အလှူရှင်များနင့် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များအကြား ဆက်စပ်ပေးသော၊ လူမျိုး/ဘာသာမခွဲခြားဘဲ မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနေသည့် စေသနာ့ဝန်ထမ်း အဖွဲ့စည်းတစ်ခုဖြစ်သည်။

၎င်းအဖွဲ့စည်း စတင်ဖွင့်လင့်သောအချိန်မှစပြီး တစ်နှစ်ကျော်ကြာကာလအတွင်း အိန္ဒိယငွေ သိန်း ၆၀၀ ကျော်တန်ဖိုးရှိသည့် အစားသောက်များနင့် အဝတ်အစားများအပါဝင် အခြားအခြားသော ကူညီထောက်ပံ့မှုများလည်း ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

လာမည့်နှစ် အစပိုင်းတွင်လည်း Mizoram Project မှ အစားအသောက်များနင့် အဝတ်ထည်များကို ထောက်ပံ့မှုပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အခုလို အစားသောက်များ ကူညီပေးကမ်းမှုတွင် ကျိမ်ဖိုင်းခရိုင်ရှိ လူငယ်များ အသင်းဖြစ်‌သော (YMA) မှတစ်ဆင့် ပူးပေါင်းပေးကမ်းခြင်းဖြစ်ကြောင်းသိရပြီး နေရာတိုင်းရှိ ဒုက္ခသည် စခန်းများကိုလည်း သွားရောက်ကူညီပေးကမ်းသွားမှာဖြစ်ကြောင်း သိရှိရသည်။

April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...