ရေးမြို့နယ်တွင် ကျောင်းတက်သည့် ကျောင်းသူ/သား မရှိသလောက်နည်း

ရေးမြို့နယ်တွင် ကျောင်းတက်သည့် ကျောင်းသူ/သား မရှိသလောက်နည်း
ရေးမြို့နယ်မှ အစိုးရကျောင်းသား/ ကျောင်းသူများ
ရေးမြို့နယ်မှ အစိုးရကျောင်းသား/ ကျောင်းသူများ

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ နယ်တွင် စစ်ရေးပဋိပက္ခများ ပိုမိုဆိုးဝါးလာခြင်းတို့ ကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းတက်သည့် ကျောင်းသူ ကျောင်သား မရှိသလောက် နည်းပါးကြောင်း ဒေသခံပြည်သူများနှင့် ကျောင်းသားမိဘ အချို့တို့ထံမှ သိရသည်။

ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်မှု မကြာခဏဖြစ်ပွားလေ့ရှိသည့်အပြင် အစိုးရဌာနဆိုင်ရာရုံးများလည်း ပစ်ခတ်တိုက်ခိုက်ခံရမှု ရှိလာပြီးနောက် လုံခြုံရေးစိုးရိမ်ကာ ကလေးတွေကို ကျောင်းမပို့ကြခြင်း ဖြစ်သည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ကလေးတွေကို စိတ်ပူလို့ ပေးမသွားတာကြာပြီ။ ကျောင်းမှာလည်း ဆရာ၊ ဆရာမတွေက မရှိသလောက်ဖြစ်နေပြီ” ဟု အထက်ပါ ကျောက်သားမိဘက ဆိုသည်။

ကျောင်းဆရာ/ဆရာမများ လျော့နည်းလာခြင်းမှာ ယခင် ဆန္ဒပြပွဲကာလအတွင်း ဆရာ/ဆရာမ အများအပြား စစ်ကောင်စီအား ဆန့် ကျင်သည့် CDM လှုပ်ရှားမှုတွင် ပါဝင်သွားခြင်း၊ နောက်ပိုင်းတွင် လုံခြုံရေးအခြေအနေကြောင့် အနားယူသွားခြင်း ဖြစ်သည်။

လက်ရှိတွင် လုံခြုံရေးအပြည့်အစုံဖြင့် ကျောင်းလာတက်နေကြသည့် စစ်တပ်မိသားစုမှ ကလေးငယ်များသာ အနည်းငယ်ရှိနေသည်ဟု ကျောင်းသားမိဘအချို့တို့ထံမှ သိရသည်။

၎င်းပြင် စာသင်ကျောင်းများတွင် စာသင်နေသော ဆရာ၊ ဆရာမများ CDM ပြုလုပ်ရန်နှင့် နေရပ်ပြန်ကြရန် ဒေသတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတော်လှန်ရေးအင်အားစုတို့က ပြီးခဲ့သည့်လက သတိပေးထုတ်ပြန်ထားသည်လည်းရှိသည်။ သတိပေးချက်ထုတ်ပြီးတာနဲ့ ဆရာ၊ ဆရာမတွေလည်း ကျောင်းမသွားရဲကြတော့ဘူး။

ကလေးတွေကိုလည်း မိဘတွေက ကျောင်းမပို့ကြတော့ဘူး” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။ ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့က ပွင့်လင်းရာသီကာလတွင် စစ်ရေးအရှိန်တိုးမြှင့်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

ရေးမြို့နယ်အတွင်း စာသင်ကျောင်းပေါင်း ၂၈၀ ကျောင်းခန့်ရှိပြီး ကျောင်းတက်နေသည့် ကျောင်းသူ၊ ကျောင်းသားပေါင်း ၃၀၀၀၀ ကျော်ရှိသည်ဟု သိရသည်။

 

ရေးမြို့ နယ်အတွင်းတွင် မွန်ကျေးရွာ အများအပြား ရှိပြီး အချို့ သောမွန်ကျေးရွာများတွင် မွန်အမျိုးသားကျောင်းများ ရှိသည်။ မွန်အမျိုးသားကျောင်းတွင်သာ ကလေးသူငယ်များ ပုံမှန်ကျောင်းတက်ရောက်နေပြီး အစိုးရကျောင်းမှ ကျောင်းသူ/ ကျောင်းသားများ မွန်အမျိုးသားကျောင်းသို့ ကူးပြောင်းတက်ရောက်သည်လည်း ရှိသည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...