ခေါဇာမြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါဝင် အရပ်သား (၃) ဦးဒဏ်ရာရ

ခေါဇာမြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါဝင် အရပ်သား (၃) ဦးဒဏ်ရာရ
လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည့် အမျိုးသားတစ်ဦး - ခေါဇာမြို့
လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည့် အမျိုးသားတစ်ဦး - ခေါဇာမြို့

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့၌ နိုဝင်ဘာလ ၄ ရက် ညပိုင်းအချိန်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ် အပါဝင် ဒေသခံ အရပ်သားမိသားစုဝင် (၃) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကြောင့် ဒဏ်ရာရသွားသည့်သူများမှာ အသက် ၅၅ နှစ်အရွယ် အမျိုးသား၁ ဦး၊ အသက် ၆ နှစ်နှင့် ၇ နှစ်အရွယ်ရှိ မိန်းကလေး (၂) ဦးတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ဒေသခံတွေဘက်ကတော့ လက်နက်ကြီးကျည်တွေဟာ ခေါဇာအခြေစိုက် ခလရ (၃၁) စစ်ကောင်စီတပ်ရင်းကနေ တစ်ဖက်သတ် ပစ်ခတ်တာလို့ ပြောဆိုနေကြပါတယ်။ လက်နက်ကြီးက ရွာထဲကို ၅ ချက်လောက်ကျတယ်၊ လက်နက်ငယ်တွေနဲ့လည်း ဆက်တိုက်ပစ်နေတာ၊ တိုက်ပွဲဖြစ်တာနဲ့ တူမနေဘူး၊ ဒီအတိုင်းပဲ သူတို့ ခလရ-၃၁ တပ်ရင်း ပစ်တယ်လို့ ယူဆရတယ်" ဟု  ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီး ကျည်စ ထိမှန်မှုကြောင့် မိန်းကလေးငယ် (၂) ဦးတို့မှ မျက်နှာတွင် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိပြီး ခန္ဓာကိုယ်ထဲ ကျည်စထိဝင်သွားတဲ့ အမျိုးသားတစ်ကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနှင့် ရေးမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့ကလည်း ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့မ ရဲစခန်းကို မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း) MSDF-S တပ်ဖွဲ့က လာရောက်ပစ်ခတ်သည့်ဖြစ်စဉ်ရှိခဲ့သည်။

ခေါဇာမြို့သည် ရေးမြို့တောင်ဘက် ၂၄ မိုင်အကွာတွင်တည်ရှိရာ ၂၀ဝဝ ခုနှစ် နောက်ပိုင်းတွင် ခလရ ၃၁ တပ်ရင်းလာရောက် အခြေစိုက်ပြီးနောက် ကျေးရွာအုပ်စုမှ မြို့နယ်ခွဲအဆင့်သို့ တိုးမြင့်သတ်မှတ်ကာ ရဲစခန်းနှင့် အစိုးရရုံးများ ထားရှိခဲ့ခြင်း ဖြစ်သည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...