ခေါဇာမြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါဝင် အရပ်သား (၃) ဦးဒဏ်ရာရ

ခေါဇာမြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါဝင် အရပ်သား (၃) ဦးဒဏ်ရာရ
လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည့် အမျိုးသားတစ်ဦး - ခေါဇာမြို့
လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည့် အမျိုးသားတစ်ဦး - ခေါဇာမြို့

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့၌ နိုဝင်ဘာလ ၄ ရက် ညပိုင်းအချိန်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ် အပါဝင် ဒေသခံ အရပ်သားမိသားစုဝင် (၃) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကြောင့် ဒဏ်ရာရသွားသည့်သူများမှာ အသက် ၅၅ နှစ်အရွယ် အမျိုးသား၁ ဦး၊ အသက် ၆ နှစ်နှင့် ၇ နှစ်အရွယ်ရှိ မိန်းကလေး (၂) ဦးတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ဒေသခံတွေဘက်ကတော့ လက်နက်ကြီးကျည်တွေဟာ ခေါဇာအခြေစိုက် ခလရ (၃၁) စစ်ကောင်စီတပ်ရင်းကနေ တစ်ဖက်သတ် ပစ်ခတ်တာလို့ ပြောဆိုနေကြပါတယ်။ လက်နက်ကြီးက ရွာထဲကို ၅ ချက်လောက်ကျတယ်၊ လက်နက်ငယ်တွေနဲ့လည်း ဆက်တိုက်ပစ်နေတာ၊ တိုက်ပွဲဖြစ်တာနဲ့ တူမနေဘူး၊ ဒီအတိုင်းပဲ သူတို့ ခလရ-၃၁ တပ်ရင်း ပစ်တယ်လို့ ယူဆရတယ်" ဟု  ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီး ကျည်စ ထိမှန်မှုကြောင့် မိန်းကလေးငယ် (၂) ဦးတို့မှ မျက်နှာတွင် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိပြီး ခန္ဓာကိုယ်ထဲ ကျည်စထိဝင်သွားတဲ့ အမျိုးသားတစ်ကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနှင့် ရေးမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့ကလည်း ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့မ ရဲစခန်းကို မွန်ပြည်ကာကွယ်ရေးတပ် (တောင်ပိုင်း) MSDF-S တပ်ဖွဲ့က လာရောက်ပစ်ခတ်သည့်ဖြစ်စဉ်ရှိခဲ့သည်။

ခေါဇာမြို့သည် ရေးမြို့တောင်ဘက် ၂၄ မိုင်အကွာတွင်တည်ရှိရာ ၂၀ဝဝ ခုနှစ် နောက်ပိုင်းတွင် ခလရ ၃၁ တပ်ရင်းလာရောက် အခြေစိုက်ပြီးနောက် ကျေးရွာအုပ်စုမှ မြို့နယ်ခွဲအဆင့်သို့ တိုးမြင့်သတ်မှတ်ကာ ရဲစခန်းနှင့် အစိုးရရုံးများ ထားရှိခဲ့ခြင်း ဖြစ်သည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...