(၇၈)နှစ်မြောက်ဆရာတော် ဦးဥတ္တမ နေ့အခမ်းအနား အမေရိကန် Iowa ပြည်နယ်တွင်ကျင်းပ

(၇၈)နှစ်မြောက်ဆရာတော် ဦးဥတ္တမ နေ့အခမ်းအနား အမေရိကန် Iowa ပြည်နယ်တွင်ကျင်းပ
by -
နိရဥ္စရာ
စက်တင်ဘာ ၉ ရက်နေ့တွင် ကျရောက်သည့် ရ၈နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ အခမ်းအနားတရပ်ကို အိုင်အိုဝါပြည်နယ်ဒမွိင်းမြို ၌ စက်တင်ဘာ ၄ ရက်နေ့က ကြိုတင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို မနက် ၁၀နာရီမှ ညနေ ၄နာရီအထိ ကျင်းပခဲ့ပြီး ၎င်းအခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်များနှင့် ဖြင့်ဖွင့်လှစ်ပါသည်။

ဆရာတော် ဥတ္တမ ဂုဏ်ပြုကဗျာ များရွက်ဖတ်ခြင်း RAKITA MUSIC BAND တေးဂီတအဖွဲ့သားများမှ ဆရာတော် ဦးဥတ္တမ သီချင်းများဖြင့်ဖျော်ဖြေဂုဏ်ပြုခြင် များပြုလုပ်ခဲ့သည်။

နယူးယောက်မှ ကြွရောက်လာသည့် ဆရာတော် ဒေါက်တာအသျှင်နာယက မှ ဦးဥတ္တမ ဟောပြောခဲ့သော အရေးကြီးသည့် အချက်လေးချက်ကို ဟောပြောခဲ့သည်။

၀ံသာနုရက္ခိတစိတ်ဓာတ်ကို အရင်းတည်ပြီး နယ်ချဲ့ကိုဆန့်ကျင်ခဲ့ပုံ၊ လက်ရှိ ရခိုင်လူအဖွဲ့အစည်းအတွက် လုပ်ဆောင် ရမည့် လမ်းညွှန်ချက်များကိုလည်း ဆရာတော် အသျှင်နာယကမှ အခမ်းအနား တက်ရောက်လာသူများ ဟောပြောခဲ့သည်။

Des Moines မြို့ အာသောကာရာမ ဆရာတော် ဦးရာဇိန္ဒမှလဲ ရခိုင်လူမျိုးအချင်းညီညွတ်ရန်နှင့် ဆရာတော် ဦးဥတ္တမ စိတ်ဓာတ် ကိုမွေးပြီးခရီဆက်ဖို အရေးကြီးကြောင်း၊ ရခိုင်အမျိုးသားအချင်းချင်းကြားသစ္စာဖေါက် ခြင်းကို အထူးရှောင်ရှားကြရန်လိုအပ်ကြောင်း၊ သစ္စာဖေါက် သူတို့အဖို့နိုင်ယှဉ်ပြစရာမရှိလောက်အောင် ဆိုးသွမ်းမူ လုပ်ရပ်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

တက်ရောက်လာသူ များ အဖွဲ့စည်းအသီသီးမှ ဟောပြောကြပြီး အိုင်အိုဝါ ရခိုင်လူငယ်အဖွဲ့မှ လက်ရှိဖြစ်ပေါ်နေသည် ဘင်္ဂလီအကြမ်းဖက်သမားများသတ်ဖြတ်ခံနေကြရသည့် ရခိုင်ပြည်သူတိအတွက် SAVE ARAKAN အစီစဉ်တရပ် ကိုလည်း တက်ကြွစွာပါ၀င်လှုပ်ရှားခဲကြပါသည်။

လက်ရှိ ရခိုင်ပြည်အတွင် ဘင်္ဂလီအကြမ်းဖက် သမားတွေကြောင်း ဒုက္ခရောက် ရခိုင်နှင့်ရခိုင်မျိုးနွယ်စုများအတွက် IOWA ရောက်ရခိုင်မိသားစုမှ ထောက်ပံ့ကူညီရေးများကို ပြုလုပ်ဆောင်ရွက်နေသည်ဟုသိရပါသည်။

အိုင်အိုဝါပြည်နယ်သည် အမေရိကန်ပြည်ထောင်စု ပြည်နယ်အထဲတွင် ရခိုင်လူမျိုးအများဆုံးအခြေချနေထိုင်သော ပြည်နယ်ဖြစ်သည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...