စစ်တွေတွင် ကင်းလှည့်နေသည့် စစ်သားများက လူငယ်တစ်ဦးကို သံတုတ်ဖြင့်ရိုက်၍ ဆေးရုံတင်ရ

စစ်တွေတွင် ကင်းလှည့်နေသည့် စစ်သားများက လူငယ်တစ်ဦးကို သံတုတ်ဖြင့်ရိုက်၍ ဆေးရုံတင်ရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အငြိမ်းစားယူထားသည့် ရဲတပ်ဖွဲ့ဝင်၏ သားဖြစ်သူလူငယ်တစ်ဦးကို စစ်ကောင်စီတပ် စစ်သားများက ဦးခေါင်းကို သံတုတ်ဖြင့်ရိုက်သဖြင့် ဒဏ်ရာအပြင်းအထန်ရကာ ဆေးရုံတင်လိုက်ရသည်ဟု သတင်းရရှိသည်။

၎င်းလူငယ်မှာ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက် အကွက်(၃)မှ ရဲအငြိမ်းစား ဦးကျော်လှမောင်၏သား မောင်ညီချေ (၂၅) နှစ်ဖြစ်ကြောင်း သိရသည်။

၎င်းမောင်ညီချေသည် ယမန်နေ့အောက်တိုဘာလ ၂၉ရက်နေ့၊ ည၁၁နာရီ အချိန်ခန့်တွင် အရက်မူးပြီး အိမ်ပြန်လာနေသည်ကို ညအချိန် ရပ်ကွက်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားတို့က ကားပေါ်မှ ဆင်းကာ သံတုတ်ဖြင့် ဦးခေါင်းကို ၂ချက်ရိုက်နှက်ခဲ့ကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"သူက အရက်နည်းနည်းမူးနေတယ်လို့တော့သိရတယ်။ အိမ်ပြန်လာတာ။ လမ်းမှာ ရပ်ကွက်ထဲကို ကင်းလှည့်လာတဲ့ စစ်ကားနဲ့တွေ့ပြီးတော့ ဘာတွေဖြစ်ကြတယ်တော့မသိဘူး။ ဦးခေါင်းကို သံတုတ်နဲ့ ၂ချက် ရိုက်ခံရတယ်လို့တော့ သိရတယ်။ ရိုက်ခံရပြီး အရက်ကလည်း မူးနေတော့ သတိလစ်သွားတယ်" ဟု ၎င်းက ပြောသည်။

သံတုတ်ဖြင့်အရိုက်ခံရ၍ ဒဏ်ရာပြင်းထန်သဖြင့်  စစ်တွေဆေးရုံကြီးသို့ ညတွင်းချင်းပင် အရေးပေါ် ပို့ဆောင်လိုက်ရသည်ဟုလည်း သိရသည်။

လက်ရှိတွင် ဆေးရုံကြီးတွင် သတိပြန်လည်ရရှိနေပြီဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

မောင်ညီချေသည် သုံးဘီးဆိုင်ကယ် မောင်းသူတစ်ဦးဖြစ်ကြောင်းသိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...