ပလက်ဝ-ကျောက်တော်ရေလမ်းကြောင်းပြန်ဖွင့်ပေးရန် ဘာသာရေးအသင်းဖွဲ့နှင့် ရပ်မိရပ်ဖများမှ စာရေးသားတင်ပြတောင်းဆို

ပလက်ဝ-ကျောက်တော်ရေလမ်းကြောင်းပြန်ဖွင့်ပေးရန် ဘာသာရေးအသင်းဖွဲ့နှင့် ရပ်မိရပ်ဖများမှ စာရေးသားတင်ပြတောင်းဆို

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ဆက်သွယ်သော ရေလမ်းကြောင်းပြန်လည်ဖွင့် ပေးရန် ဘာသာရေး အသင်းအဖွဲ့နှင့် ရပ်မိရပ်ဖများက တာဝန်ရှိသူများထံစာရေးသားတောင်းဆို ခဲ့ကြသည်ဟု သိရသည်။

ပလက်ဝမြို့အတွက် အခြေခံစားသောက်ကုန်များ အဓိကသယ်ယူသည့်လမ်းကြောင်းဖြစ်သော ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းကို စစ်ကောင်စီတပ်ဖွဲ့က ပိတ်ထားသည်မှာ ၂ လနီးပါးခန့်ကြာမြင့်ခဲ့ပြီဖြစ်ကာ ယခုလက်ရှိတွင် ဆန်၊ ဆီ၊ ဆား နှင့် လောင်စာ ဆီများပြတ်လပ်သည့် အခြေအနေဆိုက် ရောက်နေပြီဟု ပလက်ဝမြို့က ဘာသာရေးဆရာတော် တစ်ပါးက ပြောသည်။

ထို့ကြောင့် ပလက်ဝ-ကျောက်တော်ရေလမ်းကြောင်းကို ပြန်လည်ဖွင့်ပေးကာ ကုန်ပစ္စည်များသယ်ယူခွင့်ပြု ရန် စစ်ကောင်စီ ဘက် နှင့် ရက္ခိုင့်တပ်တော် နှစ်ဖက်စလုံးက တာဝန်ရှိသူများထံ စာရေးသားတောင်းဆိုထားသည် ဟု ဘာသာရေးဆရာ တော်တစ်ပါးကပြောဆိုသည်။

“စာတော့တင်ထားတယ် နှစ်ဖွဲ့စလုံးကို၊ ဒီနေ့နဲ့ဆိုရင် ၃ ရက်ပဲရှိသေးတယ်ဆိုတော့ လောလောဆယ်အ ထိ တော့ အကြောင်း တော့မထူးသေးဘူး၊ ဘာမှမကြားရသေးဘူး။” ဟု ပလက်ဝမြို့က ဆရာတော်တစ်ပါးက ပြောသည်။

ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းပြန်လည်ဖွင့်ပေးရန်အတွက် ပလက်ဝမြို့က ခရစ်ယာန်ဆရာ တော်များ၊ ဗုဒ္ဓဘာသာဘုန်းကြီးများ၊ ရပ်မိရပ်ဖတို့မှ ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ထံ ပြည်သူများကိုယ်စား စာရေးတင်ပြကြခြင်းဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရက္ခိိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တကျော့ပြန်တိုက်ပွဲ ပြင်းထန်လာပြီးနောက် ပလက်ဝ-ကျောက်တော် ကုလားတန်မြစ်ရေလမ်းကြောင်းကို စစ်ကောင်စီတပ်ဘက်က ပိတ်ပင်လိုက်ပြီး ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ပလက်ဝ မြို့ပေါ်တွင် ကုန်ဈေးနှုန်းများပြတ်လပ်ကာ ကျန်ရှိသည့် ကုန်ပစ္စည်းများမှာလည်း အဆမတန်ဈေးမြင့်တက်လာခဲ့သည်။

ထို့အပြင် နယ်ဝေးခရီးသွားမည့် ပြည်သူများမှာ မှောင်ခိုလမ်းကြောင်းဖြင့် သွားနေကြရသောကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေများ ကြုံတွေ့နေကြကြောင်းလည်းသိရသည်။

ယခုလက်ရှိ ပလက်ဝမြို့တွင် ဆန်ပြတ်လပ်သည့်အပြင် နေ့စဉ် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာ နေကာ ဓာတ်ဆီရေသန့်ဗူး ၁လီတာ (၇၀၀၀) ကျပ်၊ ကြက်ဥ ၂ လုံး (၁၀၀၀) ကျပ်ဖြင့် ဝယ်ယူစားသုံးနေကြရပြီး လောင်စာဆီပြတ်လပ်မှုကြောင့် လျှပ်စစ်မီးမရရှိသည်မှာလည်း နှစ်ပတ်ကျော်ရှိနေပြီဟုသိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...