မီဇိုးလူငယ်အသင်း (CYMA) ညီလာခံတွင် မြန်မာစစ်ဘေးရှောင်များအရေး ထည့်သွင်းဆွေးနွေး

မီဇိုးလူငယ်အသင်း (CYMA) ညီလာခံတွင် မြန်မာစစ်ဘေးရှောင်များအရေး ထည့်သွင်းဆွေးနွေး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းတွင် အကြီးဆုံးနှင့် သြဇာအရှိဆုံးအဖွဲ့စည်းဖြစ်သော မီဇိုး လူငယ်အသင်း (Central Young Mizo Association) ၏ တတိယအကြိမ်မြောက် အထွေထွေညီလာခံကြီးကို အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့ကြရာ မြန်မာစစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

တတိယအကြိမ်မြောက် မီဇိုးလူငယ်အသင်း၏ အထွေထွေညီလာခံကြီးကို Thingsulthliah ကျေးရွာတွင် ကျင်းပခဲ့ကြပြီး ယင်းညီလာခံအစည်းအဝေးကြီးတွင် ဆွေးနွေးရမည့်အကြောင်းအရာ ၁၀ ခုကျော်ထဲတွင် မီဇိုရမ်ပြည်နယ် အတွင်း ရောက်ရှိနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအတွက် ကောင်းမွန်သော စစ်ဘေးရှောင်စခန်းများ စနစ်တကျဆောင်ရွက်ကာ ယင်းစခန်းများတွင် စစ်ဘေးရှောင်များအားလုံးကိုထားရှိရန် အစိုရအနေဖြင့် စီစဉ်ဆောင်ရွက် ပေးရန်ဆိုသည့် အကြောင်းအရာလည်းဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင်ဖော်ပြသည်။

“မြန်မာနိုင်ငံကနေ ရောက်ရှိလာကြတဲ့ စစ်ဘေးရှောင်တွေ နေရာအနှံ့အပြားမှာရှိနေကြတာ ကြီးမားတဲ့ အခက်အခဲ စိန်ခေါ်မှုရှိလာနိုင်တဲ့အတွက် အစိုးရအနေနဲ့ ဒီထက်ကောင်းမွန်တဲ့ စစ်ဘေးရှောင်စခန်း (Relief Camp) တွေ ဆောက်လုပ်ပြီး အဲဒီစခန်းမှာ အကုန်လုံးနေရာချထားရေး အစိုးရထံ CYMA အနေဖြင့်တိုက်တွန်းဆောင်ရွက်ရန်” ဟု ဆွေးနွေးအတည်ပြုခဲ့ကြသည်ဟု Vanglaini သတင်းစာတွင်ဖော်ပြထားသည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၄ သောင်းကျော်ခန့် ဝင်ရောက်ခိုလုံလျှက်ရှိကာ အများစုမှာချင်းလူမျိုးများဖြစ်ကြပြီး စစ်ဘေးရှောင်စခန်းများနှင့် စခန်းပြင်ပများတွင် အိမ်ငှါး၍ နေထိုင်ကြလျှက်ရှိကြသည်။

မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များကို အိန္ဒိယဗဟိုအစိုးရက အသိမှတ်ပြု တရားဝင်လက်ခံခြင်းမရှိသော်လည်း မီဇိုရမ်ပြည်နယ်အစိုးရနှင့် မီဇိုရမ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်း၊ ဘာသာရေးအသင်းအဖွဲ့များက လက်ခံကြိုဆိုကာ လိုအပ်သည့်အကူအညီများလည်း ထောက်ပံ့ပေးလျှက်ရှိကြသည်။

မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ အိုင်ဇောလ်မြို့ကော်မီရှင်နာမင်းကြီး (Deputy Commissioner) ကလည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက် ၁၁ ချက်ကို စက်တင်ဘာလ ၂၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...