သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ခရီးသည်ယာဉ်တစ်စီး ပစ်ခံရ၊ ခရီးသည်တစ်ဦး ဒဏ်ရာရရှိ

သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ခရီးသည်ယာဉ်တစ်စီး ပစ်ခံရ၊ ခရီးသည်တစ်ဦး ဒဏ်ရာရရှိ
မော်လမြိုင် အဝေးပြေးကားဂိတ်  Source: Wikimedia Commons
မော်လမြိုင် အဝေးပြေးကားဂိတ် Source: Wikimedia Commons

အောက်တိုဘာ ၂၄ ရက် ည ၈ နာရီခွဲခန့် တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်း ၌ ခရီးသည်ယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခံရပြီး ခရီးသည်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"ရွှေဝယ်မင်း" ခရီးသည်ယာဉ်သည် ရန်ကုန်မှ မော်လမြိုင်သို့ မောင်းနှင်လာစဉ် ကမာစိုင်ကျေးရွာအနီး၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသအတွင်းရှိ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။  ခရီးသည် အမျိုးသားတစ်ဦးမှာ ပေါင်၌ ‌ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း ဆက်ပြောသည်။

“ခရီးသည်အမျိုးသားတဦးကတော့ ပေါင်မှာ ကျဉ်ဖောက်ဒဏ်ရာ ရသွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး"ဟု ၎င်းက ပြောသည်။ အဆိုပါခရီးသည်ကို သုဝဏ္ဏဝတီမြို့ ပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း ဆက်ပြောသည်။

ထိုပစ်ခတ်မှုသည် မည်သည့်အဖွဲ့ မှ လုပ်ဆောင်ကြောင်း အသိပေး ထုတ်ဖော်ပြောကြား ဝန်ခံခြင်း မရှိပေ။ မွန်ပြည်နယ် မြောက်ပိုင်းတွင် နစက စစ်တပ်များ တပ်စွဲထားသကဲ့သို့ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ပြည်သူ့ ကာကွယ်ရေးတပ်များလည်း လှုပ်ရှားမှု ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက် ညပိုင်းတွင်လည်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့မိုးကောင်းစေတီတော်အနီး ရန်ကုန် - မော်လမြိုင် ကားလမ်းတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့သေးသည်။ ပစ်ခတ်မှုကြောင့် ခရီးသည်တင်ယာဉ်တစ်စီးမှ ကားစပယ်ယာတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် မြောက်ပိုင်း စစ်တောင်းတံတား မရောက်မီ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်မှ ခရီးသည်များ မော်တော်ယာဉ်များကို စစ်ဆေးရာ ကားတန်းပိတ်ဆို့ မှုကြောင့် (၃) နာရီမှနေ (၅) နာရီအထိ ကြာသည်။

မွန်ပြည်နယ်မြောက်ပိုင်း ကျိုက်ထို ဘီလင်းနှင့် သထုံမြို့ နယ်တို့ တွင် မြန်မာစစ်တပ်နှင့် ကေအင်ယူ တပ်မဟာ (၁) ပူးပေါင်းတပ်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားပြီး ပြည်သူလူထုများ တွက်ပြေးတိမ်းရှောင်ရသည်လည်း ရှိနေဆဲဖြစ်သည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...