သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ခရီးသည်ယာဉ်တစ်စီး ပစ်ခံရ၊ ခရီးသည်တစ်ဦး ဒဏ်ရာရရှိ

သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ခရီးသည်ယာဉ်တစ်စီး ပစ်ခံရ၊ ခရီးသည်တစ်ဦး ဒဏ်ရာရရှိ
မော်လမြိုင် အဝေးပြေးကားဂိတ်  Source: Wikimedia Commons
မော်လမြိုင် အဝေးပြေးကားဂိတ် Source: Wikimedia Commons

အောက်တိုဘာ ၂၄ ရက် ည ၈ နာရီခွဲခန့် တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်း ၌ ခရီးသည်ယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခံရပြီး ခရီးသည်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"ရွှေဝယ်မင်း" ခရီးသည်ယာဉ်သည် ရန်ကုန်မှ မော်လမြိုင်သို့ မောင်းနှင်လာစဉ် ကမာစိုင်ကျေးရွာအနီး၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသအတွင်းရှိ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။  ခရီးသည် အမျိုးသားတစ်ဦးမှာ ပေါင်၌ ‌ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း ဆက်ပြောသည်။

“ခရီးသည်အမျိုးသားတဦးကတော့ ပေါင်မှာ ကျဉ်ဖောက်ဒဏ်ရာ ရသွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး"ဟု ၎င်းက ပြောသည်။ အဆိုပါခရီးသည်ကို သုဝဏ္ဏဝတီမြို့ ပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း ဆက်ပြောသည်။

ထိုပစ်ခတ်မှုသည် မည်သည့်အဖွဲ့ မှ လုပ်ဆောင်ကြောင်း အသိပေး ထုတ်ဖော်ပြောကြား ဝန်ခံခြင်း မရှိပေ။ မွန်ပြည်နယ် မြောက်ပိုင်းတွင် နစက စစ်တပ်များ တပ်စွဲထားသကဲ့သို့ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ပြည်သူ့ ကာကွယ်ရေးတပ်များလည်း လှုပ်ရှားမှု ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက် ညပိုင်းတွင်လည်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့မိုးကောင်းစေတီတော်အနီး ရန်ကုန် - မော်လမြိုင် ကားလမ်းတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့သေးသည်။ ပစ်ခတ်မှုကြောင့် ခရီးသည်တင်ယာဉ်တစ်စီးမှ ကားစပယ်ယာတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် မြောက်ပိုင်း စစ်တောင်းတံတား မရောက်မီ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်မှ ခရီးသည်များ မော်တော်ယာဉ်များကို စစ်ဆေးရာ ကားတန်းပိတ်ဆို့ မှုကြောင့် (၃) နာရီမှနေ (၅) နာရီအထိ ကြာသည်။

မွန်ပြည်နယ်မြောက်ပိုင်း ကျိုက်ထို ဘီလင်းနှင့် သထုံမြို့ နယ်တို့ တွင် မြန်မာစစ်တပ်နှင့် ကေအင်ယူ တပ်မဟာ (၁) ပူးပေါင်းတပ်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားပြီး ပြည်သူလူထုများ တွက်ပြေးတိမ်းရှောင်ရသည်လည်း ရှိနေဆဲဖြစ်သည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...