ကိုဗစ်လူနာများကို မော်လမြိုင်ဆေးရုံကြီးသို့ လွှဲပြောင်းပေးရာတွင် အချိန်ကြန့်ကြာမှုများ ရှိနေ

ကိုဗစ်လူနာများကို မော်လမြိုင်ဆေးရုံကြီးသို့ လွှဲပြောင်းပေးရာတွင် အချိန်ကြန့်ကြာမှုများ ရှိနေ
ယခင်က မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်လူနာ လက်ခံသည့်ဌာန
ယခင်က မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်လူနာ လက်ခံသည့်ဌာန

မွန်ပြည်နယ်အတွင်း စက်တင်ဘာမှ စတင်ကာ ကိုဗစ်အတည်ပြုလူနာများ တွေ့ ရှိပြီး မော်လမြိုင်မြို့နယ်အတွင်း တွေ့ရှိသည့် ကိုဗစ်လူနာများကို ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ရာတွင် အချိန်ကြန့်ကြာမှုပြဿနာနှင့် ကြုံနေရကြောင်း ကိုဗစ်အရေးကူညီလုပ်ဆောင်နေသည့် ပရဟိတအဖွဲ့များထံက သိရသည်။

အထူးကုဆေးရုံများတွင် တွေ့ရှိသည့် အတည်ပြုလူနာများကို မော်လမြိုင် ဆေးရုံကြီးသို့ အကြောင်းကြားပြီး လွှဲပြောင်းရာတွင် ပြင်ပလူနာဆောင်ဌာန OPD မှ လက်မခံသည့် ပြဿနာများ ရှိနေကြောင်း မော်လမြိုင်မြို့နယ်မှ ပရဟိတအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ပြဿနာက ဘာရှိလဲဆိုတော့ အထူးကုဆေးရုံတွေက ဆေးရုံကြီးကို အကြောင်းကြားထားပေမယ့် ဆေးရုံအုပ်က OPD ကို ပြန်မပြောလို့ ဆိုပြီး လူနာလက်မခံဘဲ အချိန်ကြန့်ကြာတာတွေရှိတယ်‌ဗျ။ အဲပြဿနာတော့ ဖြစ်တတ်တယ်"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း အထူးကုဆေးရုံကြီးများတွင် ကိုဗစ်အတည်ပြူလူနာ အများဆုံး စစ်ဆေးတွေ့ရှိနေကြောင်း ဆက်ပြောသည်။ ကိုဗစ်လူနာအရေး ဆောင်ရွက်ရာတွင် ဆေးရုံကြီးမှ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အခက်အခဲရှိနေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

"အတည်ပြုလူနာကို သွားခေါ်တဲ့နေရာမှာ အဆင်ပြေတယ်။ ဆေးရုံကြီးကို ပို့တဲ့အခါ ကျွန်တော်တို့ကို စောင့်ခိုင်းတာ၊ ပူးပေါင်းဆောင်ရွက်မှု မရှိတာတွေ အများကြီးပဲ။ ကျွန်တော်တို့အတွက်လည်း အချိန်ကြန့်ကြာတာပေါ့"ဟု ၎င်းက ပြောသည်။

ကို‌ဗစ်အရေးဆောင်ရွက်နေသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်မှ ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဆက်ပြောသည်။

လက်ရှိတွင် ကိုဗစ်ကူးစက်မှူ မြင့်တက်နေသောကြောင့် ပြည်သူများအနေဖြင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ မဖြစ်မနေ တပ်ဆင်ကြရန် တိုက်တွန်းပြောဆိုသည်။

မွန်ပြည်နယ်အတွင်း စက်တင်ဘာမှ စတင်ကာ ကိုဗစ်အတည်ပြုလူနာများ နေ့တိုင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလမှ လက်ရှိအချိန်ထိ မွန်ပြည်နယ်အတွင်း ကိုဗစ်အနည်ပြုလူနာ ၁၂၁၆ ဦး ရှိ‌နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...