“ထိုင်းအစိုးရက စောကျော်သက်နဲ့ စောရန်နိုင်တို့ကို Vinyl ကပ်ပြီး ဖမ်းဝရမ်းထုတ်ပြီး” ဆိုတဲ့သတင်းအမှား

“ထိုင်းအစိုးရက စောကျော်သက်နဲ့ စောရန်နိုင်တို့ကို Vinyl ကပ်ပြီး ဖမ်းဝရမ်းထုတ်ပြီး” ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို Sakura Flower ဆိုတဲ့ အကောင့်ကနေပြီး “အဖြေကတော့ ရှင်းရှင်းလေးပါပဲ…. အာရှလမ်းများ အဖျက်အမှောက်လုပ်လို့ ကော့ကရိတ်မြို့ကို အကြမ်းဖက်လို့ ထိုင်းက သူ့အကျိုးစီးပွားထိခိုက်လာတော့ ဖမ်းဝရမ်းကပ်တာပါ… ထိုင်းဘက်ခြမ်းမှာ ကြော်ငြာဘုတ်တွေထောင်ပြီးတော့ကို ကပ်ထားတာ… ပြေးပေါက်ပိတ်သွားတာပေါ့..ဒီလောက်ပါပဲ” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ထိုင်းမြန်မာအခြေစိုက်ကရင်သတင်းဌာနက အယ်ဒီတာတစ်ဉီးက “ထိုင်းဘက်အခြမ်းကို ကျနော်တို့ မေ့ကြည့်တာတော့ ဒီလိုကပ်ထားတာတွေအတွေ့မိပါဘူး။ ဖြစ်နိုင်ခြေမရှိဘူးလို့မှတ်ချက်ပြုပါတယ်။ သူတို့လုပ်ဆောင်ချက်တွေက ထိုင်အစိုးရနဲ့ဆက်နွယ်တာတွေမရှိတာမဟုတ်ဘူးဆိုတော့ ဖြစ်နိုင်ချေအတော်နည်းပါးပါတယ်။”

ထိုင်းအစိုးရက ဖမ်းဝရန်းထုတ်ထားတယ်ဆိုတဲ့ သတင်းအမှားမှာဖော်ပြထားသူ စောကျော်သက်နဲ့ စောရန်နိုင်ဆိုသူမှာ  KKO..(DKBA ခွဲထွက်) စောကျော်သက်ဖြစ်ပြီး၊ စောရန်နိုင်ကတော့ KNLA၊တပ်ရင်း(၂၇)၊တပ်မဟာ(၆) ၊ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောရန်နိုင်ဖြစ်ပါတယ်။

အောက်တိုဘာ ၂၁ နေ့မှာ နယ်ဒါးမြ၊ ဘော်ကျော်ဟဲ၊ စောကျော်သက်၊စောစလုံး၊စောရန်နိုင်ပါဝင်တဲ့ KNLA /KTLA ပူးပေါင်းတပ်များနဲ့ စစ်ကောင်းစီများအကြား ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကော့ကရိတ်အနောက်မြောက်ဘက်ရှိ မြောက်ကြာအင်း၊ လောင်းကိုင်၊ ဖားကျ ကျေးရွာများရှိ BGFနဲ့ စစ်ကောင်စီတပ် အခြေချတဲ့နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း ကော့ကရိတ်ရှိ ခလရ ၉၇ မှ လက်နက်ကြီးဖြင့် ပစ်ကူပေးမှုကြောင့် မြောက်ကြာအင်း ဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည် ၄ လုံးထိမှန်ခဲ့ပြီး ဘုန်းကြီးတစ်ပါးသေဆုံးကာ၊ အရပ်သား ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

 

အောက်တိုဘာလ ၂၁ ရက်နေ့ ကော့ကရိတ်တိုက်ပွဲ ဖြစ်စဉ်အတွင်း စစ်ကောင်စီလေကြောင်းမှ ကော့ကရိတ် စစ်ကောင်စီ ရုံးများဘက်ကို ဝင်ရောက်တိုက်ခိုက်သည့် KNLA /KTLA ပူးပေါင်းတပ်များ လှုပ်ရှား တိုက်ခိုက်ရာ နေရာများဘက်နဲ့ ကရင်ဒေသခံများ နေထိုင်တဲ့ ကောင်းမှု၊ ပျားပင်၊ ခနိမ်းမူရပ်ကွက်အပါအဝင် ကျေးရွာများဘက်ကို ဗုံးကြဲပစ်ခတ်မှုများများကြောင့် အရပ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Most read this week

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...