လုံခြုံရေးတင်းကျပ်ထားသည့် ကြံခင်းမြို့နယ် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

လုံခြုံရေးတင်းကျပ်ထားသည့် ကြံခင်းမြို့နယ် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် လုံခြုံရေးတင်းကျပ်ထားသည့် စစ်ဖက်ရေးရာ လုံခြုံရေး(စရဖ)ရုံး ယမန်နေ့ အောက်တိုဘာလ ၂၂ ရက် ည ၉ နာရီ ၊ ၃၅ မိနစ်ခန့်အချိန်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ကြံခင်းမြို့၊ရွာသစ်ရပ်ကွက်၊သာယာ(၅)လမ်းရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံး ဗုံးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"အဲ့ဒီရုံးမှာက စစ်သားတွေနဲ့ စရဖ(စစ်ဖက်ရေးရာလုံခြုံရေး)ကလူတွေ အမြဲရှိတယ်။စရဖရုံး နောက်ဘက်မှာလည်း စရဖကလူတွေနေတဲ့ အိမ်တွေ

ရှိတယ်။အမြဲလူမပြတ်ဘူး။ မနေ့ညကတော့ ဗုံးခွဲခံလိုက်ရတယ်လို့သိရတယ်။အထိအခိုက်ရှိ၊မရှိတော့မသိရသေးဘူး"ဟု ဒေသခံက ပြောသည်။

အဆိုပါ(စရဖ) ရုံးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတင်းကျပ်ထားသည့်နေရာဖြစ်ပြီး ၊ကြံခင်းမြို့နယ်အတွင်းမှ ဒေသခံပြည်သူများနှင့် စစ်အာဏာရှင် ဆန့်ကျင်သူများကို လိုက်လံဖမ်းဆီးနေသည့် ရုံးဖြစ်ကြောင်း ဒေသခံကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ညပိုင်းမှ စတင်ကာ ယနေ့ အောက်တိုဘာလ ၂၃ ရက် နံနက်ပိုင်းအချိန်အထိ စစ်ကောင်စီတပ်များ၊ရဲများနှင့် စရဖ များက ကြံခင်းမြို့ပေါ်ရှိ လမ်းတချို့ကို ပိတ်ဆို့ထားကြောင်း၊စစ်ကောင်စီကားများ မြို့ကိုပတ်ကာ ကင်းလှည့်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကြံခင်း စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံး ဗုံးဖောက်ခွဲခံရမှုနှင့် ပတ်သက်၍ " အသံဗုံးထက်ပိုပြင်းတဲ့ ထိခိုက်စေတဲ့ဗုံးကို အသုံးပြုခဲ့တာပါ။ အထိအခိုက်က အတိအကျ မသိရသေးဘူးခင်ဗျ၊ အဲဒီအနားကို သွားကြည့်ဖို့ မလွယ်ကူသေးလို့ပါ။အခုက ကြုံရာလူကိုဖမ်းမယ့်သဘောမျိုးဖြစ်နေလို့ ပြည်သူတွေဂရုစိုက်ပြီးနေကြပါလို့ ပြောချင်ပါတယ်"ဟု ဖောက်ခွဲမှုကိုပြုလုပ်ခဲ့သည့် ကြံခင်းမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကြံခင်း ပကဖ) အဖွဲ့ဝင်တစ်ဦးက မဇ္စျိမကိုပြောသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...