မော်လမြိုင်မြို့နယ်တွင် ၆ လကျော်ထိ မီတာခ လာရောက်‌ပေးဆောင်ခြင်း မရှိသည့်နေအိမ်များ မီတာဖြုတ်သိမ်း

မော်လမြိုင်မြို့နယ်တွင် ၆ လကျော်ထိ မီတာခ လာရောက်‌ပေးဆောင်ခြင်း မရှိသည့်နေအိမ်များ မီတာဖြုတ်သိမ်း

မော်လမြိုင်မြို့နယ်အတွင်း မီတာခ ၆ လကျော်ထိ လာရောက်ပေးဆောင်ခြင်း မရှိသည့် နေအိမ်များရှိ မီတာများကို ပြန်လည်ဖြုတ်သိမ်းနေကြောင်း မြို့နယ်လျှပ်စစ်ဦးစီးဌာနရုံးက ပြောကြားပြီး မီတာကောက်ခံံံမှုစနစ် မမှန်ကန်ကြောင်း ဒေသခံ ပြည်သူများမှ ဆိုသည်။

မီတာခအကြွေးများကို ခွဲကာ လာရောက်ပေးဆောင်ခွင့်ပြုထားသော်လည်း ၆ လကျော်အထိ လာရောက်ပေးဆောင်ခြင်း မရှိသောကြောင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဦးစီးဌာနရုံးက ပြောသည်။

မီတာခ လာရောက်ပေးဆောင်ရန် သတိပေးအကြောင်းကြားခြင်းများ ဆောင်ရွက်ခဲ့သော်လည်း လာရောက်ပေးဆောင်ခြင်းမရှိသည့် နေအိမ် ၂၃ အိမ်ကို မီတာဖြုတ်သိမ်းခြင်းဖြစ်ကြောင်း ထပ်ပြောသည်။ မော်လမြိုင်မြို့နယ်တွင် မုဒုံ၊ မြိုင်သာယာ၊ ဇေယျာမြိုင်တို့တွင် မီတာဖြုတ်သိမ်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

သို့ ရာတွင် ပြည်သူတို့ မှ ပြောကြားရာတွင် မြို့နယ်လျှပ်စစ်ဦးစီးဌာနရုံးတွင် ဝန်ထမ်းလုံလောက်မှု မရှိခြင်း၊ လျှပ်စစ်မီးမီတာခအား ပုံမှန် သွားရောက် ကောက်ယူခြင်း မရှိခြင်းတို့ကြောင့် ပြဿနာများ တိုးပွားလာသည်ဟု ဆိုသည်။

မော်လမြိုင်မြို့နယ်၊ မုပွန်ရပ်ကွက်မှ ဒေသခံတစ်ဦးက "မပေးကြဘူးဆိုတာက သူတို့ကောက်တာက မမှန်ဘူးလေ။ တစ်ချို့ လူမရှိတဲ့အိမ်က တစ်လ သုံးသောင်းကျော်တယ်။ တစ်ချို့ဆို သိန်းချီတယ်တဲ့။ ရုံးမှာသွားရှင်းရင် ပြင်ပေးတော့ ပြင်ပေးတယ်။ တစ်ချို့ကိုဆို မလုပ်ပေးဘူး"ဟု ပြောသည်။

မီတာခကောက်ခံမှု စနစ်ပုံစံကို သေချာပြန်လည်စိစစ်‌ရန် လိုအပ်နေပြီး မှားယွင်းကောက်ခံမှုများကိုလည်း ပြန်လည်ပြင်ဆင်ပေးသင့်ကြောင်း ဆက်ပြောသည်။

အလားတူ ဘီးလင်း၊ သထုံ နှင့် ပေါင်မြို့နယ်တို့တွင်လည်း မီတာခ ပေးဆောင်ခြင်း မရှိသည့် နေအိမ်များကို မီတာဖြုတ်သိမ်းမှုများ ဆက်တိုက် လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် နစက စစ်ကောင်စီ၏ လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးဌာနကလည်း မီတာခပေးဆောင်ကြရန်နှင့် ပေးဆောင်ခြင်းမရှိပါက မီတာ ဖြုတ်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။

နစက စစ်ကောင်စီမှ အာဏာသိမ်းပြီးသည့်နောက်ပိုင်း တနှစ်ကျော်ကာလအထိ လျှပ်စစ်ဝန်ကြီးဌာနေအောက်တွင် ဝန်ထမ်းအများအပြား အလုပ်မလုပ်ခြင်း အနားယူခြင်းတို့ ကြောင့် ဝန်ကြီးဌာန၏ ယန္တယားများလည်း ချို့ယွင်းအားနည်းရသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...