TNLA နှင့် PDF တို့ ပူးပေါင်းပြီး မူဆယ် – မန္တလေး ကားလမ်းမပေါ် ပိုက်ဆံကောက်

TNLA နှင့် PDF တို့ ပူးပေါင်းပြီး မူဆယ် – မန္တလေး ကားလမ်းမပေါ် ပိုက်ဆံကောက်
TNLA
TNLA

သျှမ်းပြည်မြောက်ပိုင်း မူဆယ် – မန္တလေး ကားလမ်းမပေါ်တွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ပူးပေါင်းပြီး အရင်ထက် ပိုမို အခွန် (ဆက်ကြေး) ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်တွင် မူဆယ် – မန္တလေး ကားလမ်းမပေါ် ခရီးသွားပြည်သူများထံ ကုန်တင်ကား တစ်စီးလျှင် ကားဘီး အရေအတွက်ဖြင့် တစ်ဘီးကို ကျပ်ငွေ (တစ်သိန်း မှ နှစ်သိန်း) အထိ ကောက်ခံနေကြောင်း နောင်ချိုဒေသခံ ကားဆရာ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ TNLA နဲ့ PDF တို့ပေါင်းပြီး ကားတိုင်းပဲ သူတို့ စောင့်ပြီး ဆက်ကြေးကောက်တာ။ ကားအသေးတွေဆို ကုန်တင်ကားကြီးလို ဘီးတော့ မရေတွက်ဘူး။ အဲ့လို ၁ သိန်း ကနေ ၂ သိန်း ထိ ကောက်လိုက်တာ။ မနေ့က ကားဆရာတစ်ဦးက ၁ သိန်း ၂ သောင်းပေးလိုက်ရတယ်။ ဒါပေမယ့် ဖြတ်ပိုင်းထဲက ၁ သိန်းပဲ ရေးထားတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တအာင်း (ပလောင်) အမျိုးသား လွှတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ပူးပေါင်းပြီး ဆက်ကြေး ကောက်နေစဉ်အတွင်း စစ်ကောင်စီဘက်က စစ်အင်အား (၄၀) ကျော်ခန့် စစ်အင်အား ဖြည့်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

“သီပေါမြို့နယ် နောင်ကောရွာဘက်က စစ်ကောင်စီ ခ.လ.ရ (၁၄၇) တပ်သားတွေပဲ။ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီးတော့ TNLA နဲ့ PDF ကနောက်ဆုတ်သွားတယ် “ ဟု မူဆယ် – မန္တလေး ကားလိုင်းမောင်းနေသည့် သူတစ်ဦးက ပြောသည်။

အလားတူ မူဆယ် (၁၀၅) မိုင်မှာလည်း အာဏာသိမ်း စစ်ကောင်စီတပ်က တရားဝင် ဂိတ်ထောင်ပြီး အခွန် အမည်ဖြင့် ပုံမှန် ပိုက်ဆံကောက်လျှက် ရှိပါသည်။

ထို့အပြင် မူဆယ် – မန္တလေး ကားလမ်းမပေါ်တလျောက် ခရီးသွား ပြည်သူများထံ ဆက်ကြေးကောက်ခံမှုများ ၁၀ ခုထက် မနည်း ရှိပြီး စစ်ကောင်စီ၊ တအာင်း (ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA/KIO) တပ်ဖွဲ့များဖြစ်ကြကြောင်း ဒေသခံများက ဆိုသည်။

May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...