ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင်ပြည်သူ ၂၇ ဦးအား ဖမ်းဆီး၊ အမျိုးသမီး၂ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင်ပြည်သူ ၂၇ ဦးအား ဖမ်းဆီး၊ အမျိုးသမီး၂ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

စစ်ကောင်စီတပ်က ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရဟတ်ယာဥ်ခုနစ်စီးဖြင့် စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ပုလဲမြို့နယ်အစပ်ရှိ မြောက်ယမားဒေသတလျှောက်တွင် စစ်ကြောင်းထိုး ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အင်အား ၂၀၀ ခန့်အား ရင်ပေါင်တိုင်ကျေးရွာအတွင်း ချထားခဲ့ကြောင်းသိရ သည်။

ထို့ပြင် ယင်းမာပင်မြို့နယ် ပျားအိုကျေးရွာ၌ စစ်ဘေးရှောင်နေသော ပြည်သူများအားစစ်ကောင်စီမှ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း လည်း သိရသည်။

“ဒီမနက်လာပစ်တော့ ပြည်သူတွေက ပျားရည်အိုရွာဘုန်းကြီးကျောင်းမှာ စစ်ဘေးလာရှောင်ကြတယ်။ လူ ၂၀၀ လောက်တော့ ရှိမယ်။ အဲဒါကို စစ်ကောင်စီတပ်က ရွာကိုဝင်စီးပြီး စစ်ဘေးရှောင် အမျိုးသား ၂၇ ဦးကို ဖမ်းသွားတယ်။ သေနတ်နဲ့ပစ်တော့ နှစ်ယောက်ထိပြီး ဒဏ်ရာရတယ်။ အမျိုးသမီးနှစ်ဦးက သေနတ် ဒဏ်ရာနဲ့ ဆုံးသွားတယ်။ ရွာကဘုန်းကြီးတွေကိုလည်း သေနတ်တွေနဲ့ချိန်တယ်”ဟု ပျားအိုကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က စစ်ဘေးရှောင်အမျိုးသား ၂၇ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ဖြင့်ပစ်ခတ် မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိကြောင်းနှင့် ကျေးရွာအတွင်းမှ ရွှေ၊ ငွေနှင့် ဖုန်း များယူဆောင်သွားပြီး တန်ဖိုးငွေသိန်း ၁၅၀ ခန့်ရှိကြောင်းသိရသည်။

ယင်းမာပင်နှင့် ပုလဲမြို့နယ်အစပ်တွင် ရဟတ်ယာဥ်ခုနစ်စီးဖြင့် စစ်ကောင်စီတပ်ကအကြောင်းမဲ့ စစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် ကျေးရွာ ၁၀ ရွာခန့် စစ်ဘေးရှောင်နေရကြောင် သိရသည်။

စာတည်း ။ စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...