ဟားခါးမြို့အနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်း သုတ်သင်ရှင်းလင်းခဲ့ဟု CNF ပြော

ဟားခါးမြို့အနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်း သုတ်သင်ရှင်းလင်းခဲ့ဟု CNF ပြော

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား၂၅ ဦးထက်မနည်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ယမန်နေ့ (အောက်တိုဘာ ၁၉) က ထုတ်ပြန်သည်။

ချင်းအမျိုးသားတပ်မတော် CNA, ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် အောက်တိုဘာလ ၁၃ ရက်နေ့ကစ၍ ဟားခါးမြို့တွင်းအပါအဝင်၊ မြို့အနီးနှင့် သီတာကျေးရွာအနီးတို့တွင် မနေ့ကအထိ တိုက်ပွဲဖြစ်ပွားနေကြသည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ဆိုသည်။

ထို့အတူ ထန်တလန်မြို့ဘက်မှ စစ်ကူလာသော စစ်ကောင်စီတပ်သား အင်အား ၄၀ ခန့်ကိုလည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကြားညှပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်းစစ်ကူပေးခဲ့သည်ဟု သိရသည်။

ယင်းတိုက်ပွဲများအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြပြီး ၂၀ ထက်မနည်းဒဏ်ရာရစေခဲ့သည်ဟု CNF က ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း CNA တပ်သား ၃ ဦး၊ CDF-Hakha ရဲဘော်တစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားခဲ့ကြပြီး တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ဟားခါးမြို့အနီးနှင့် ဟားခါး-ထန်တလန်ကြား တိုက်ပွဲများတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ချင်းအမျိုးသားတပ်မတော် CNA, CJDC Special Force, CDF-Thantlang, CDF-Zophei, CDF-Lautu, CDF-Mara နှင့် CDF-Hakha တပ်ဖွဲ့တို့မှ ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...