မိုင်းပျဥ်းမြို့မဈေးအတွင်း မိုင်းပေါက်ကွဲ၊ ဈေးသည် တစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရ

မိုင်းပျဥ်းမြို့မဈေးအတွင်း မိုင်းပေါက်ကွဲ၊ ဈေးသည် တစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဥ်းမြို့နယ် မြို့မဈေးအတွင်းတွင် မိုင်းတစ်လုံး ပေါက်ကွဲပြီး ဈေးသည် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ (၁၉) ရက် နံနက် (၆) နာရီကျော်ဝန်းကျင်တွင် ဈေးအတွင်း မိုင်းပေါက်ကွဲခြင်း ဖြစ်ပြီး ဟင်းသီးဟင်းရွက်ရောင်းရန်လာသည့် အမျိုးသမီးတစ်ဦးမှ ဒဏ်ရာရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဘယ်သူ့လက်ချက်ဖြစ်မလဲတော့မသိဘူး၊ တစ်ခါမှ ဒီလိုမျိုး မဖြစ်ဖူးဘူး၊ ဈေးသည်တွေကလည်း ခါတိုင်းလိုမျိုး ဈေးရောင်းဖို့ လာကြတာ၊ ဈေးသည် အမျိုးသမီးတစ်ဦးက မိုင်းစတွေမိပြီး ခြေကျင်းဝတ်တွေမှာ ထိခိုက်ဒဏ်ရာ ရသွားတယ်၊ အခုတော့ ဆေးရုံမှာ ဆေးကုနေပါတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ မိုင်းပေါက်ကွဲခြင်းနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်း လုပ်ဆောင်ကြောင်းကို မသိရှိရသေးကြောင်း ဒေသခံများ ပြောသည်။

မိုင်းပျဥ်းမြို့သည် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ အင်အားကြီးဒေသဖြစ်ရာ အာဏာရှင်တော်လှန်ရေး အင်အားစု မရှိသည့် ဒေသတစ်ခုလည်း ဖြစ်ကြောင်း သတင်းသိရသည်။

May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...