မြိုင်တွင် PDF များက နှစ်ရက်ဆက် တိုက်ခိုက်၊ စစ်ကောင်စီ စစ်သား ၇ ဦးသေ

မြိုင်တွင် PDF များက နှစ်ရက်ဆက် တိုက်ခိုက်၊ စစ်ကောင်စီ စစ်သား ၇ ဦးသေ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နှစ်ရက် ဆက် တိုက် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးသွားသည်ဟု Myaing Worriors အဖွဲ့က ပြောသည်။

မြိုင်မြို့၊ သရက်ကန်ကျေးရွာ အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ် ရေး တပ် ဖွဲ့များက နှစ်ရက်ဆက်တိုက် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု Myaing Warriors အဖွဲ့မှ တာဝန်ရှိသူ က ပြောသည်။

“သူတို့တပ်စွဲထားတဲ့ စာသင်ကျောင်းထဲ လက်နက်ကြီးထိပြီး နှစ်ယောက်သေတယ်။ တခြား ထိခိုက်ဒဏ်ရာရ သူတွေလည်း ရှိပါတယ်” ဟု Myaing Warriors အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့၊ ည ၉ နာရီဝန်းကျင် အချိန်တွင် သရက်ကန်ကျေးရွာ အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်သားများကို လက်လုပ်လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့သည်ဟု Myaing Warriors အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

ထို့နောက် အောက်တိုဘာလ ၁၆ ရက်နေ့၊ ညပိုင်းတွင်လည်း သရက်ကန်ကျေးရွာအတွင်းက စစ်သားများကို ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထပ်မံ သေဆုံးခဲ့သည်ဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“လက်လုပ် လက်နက်ကြီးတွေနဲ့ အဝေးကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ၅ ယောက် သေတယ်။ တခြား ဒဏ် ရာရသူတွေကိုတော့ ဆေးကုပေးနေတယ်လို့ သိထားရပါတယ်” ဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့ - မြိုင် တာဝန်ရှိ သူ က ပြောသည်။

သရက်ကန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ၆၀မမ၊ ၈၀မမ၊ ၁၀၀မမ၊ ၁၂၀မမ များဖြင့် နှစ်ရက် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တာဝန်ရှိသူများက ပြောသည်။

မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာတွင် စစ်ကောင်စီတပ်က အထိုင်ကျတပ်စွဲထားပြီး ပြည်သူများ အပေါ် အမျိုး မျိုး ဖိနှိပ်နေသောကြောင့် Myaing Warriors တပ်ဖွဲ့ နှင့် မဟာမိတ်ညီနောင်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟု ပြောသည်။

အဆိုပါ သရက်ကန်ကျေးရွာကို ပျူစောထီးများက ကြီးစိုးထားသောကြောင့် ပျူစောထီးရွာ ဟုလည်း ဒေသ အတွင်း ခေါ်ဆိုနေကြသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...