နှစ် ၉၀ သက်တမ်းရှိ စာသင်ကျောင်း မီးလောင် ပျက်စီး

နှစ် ၉၀ သက်တမ်းရှိ စာသင်ကျောင်း မီးလောင် ပျက်စီး

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့တွင် နှစ်ပေါင်း ၉၀ နီးပါး သက်တမ်းရှိ စာသင်ကျောင်း တစ်ကျောင်းလုံး နီးပါးမီးလောင် ပျက်စီးသွားသည်။

ယခုမီးလောင်သွားသည့် အင်္ဂပူမြို့ အမှတ်-၁ အထက်တန်းကျောင်းမှာ အမှတ် ၁ ရပ်ကွက်၊ ချယ်ရီမြောက်လမ်း နှင့် ကံ့ကော်လမ်းကြား တွင် ရှိကာ အင်္ဂပူမြို့မရဲစခန်း နှင့် အနီးဆုံးတွင်ရှိသည့် ကျောင်းလည်းဖြစ်သည်ဟု ဒေသ ခံများက ပြောသည်။

“လူတွေက အိပ်မောကျချိန်မှာ လောင်တာ။ သိတဲ့အချိန်မှာ မီးကများနေပြီ။ မီးသတ်ကား ရောက်တာ နောက် ကျတာလည်း ပါတယ်။ တစ်ကျောင်းလုံးနီးပါးလောင်သွားတာ” ဟု မြို့ခံတစ်ဦး က ပြောသည်။

နှစ်ပေါင်း ၉၀ နီးပါးသက်တမ်းရှိ အမှတ် - ၁ အခြေခံပညာ အထက်တန်းကျောင်း တကျောင်းလုံးနီးပါး အောက် တိုဘာလ ၁၆ ရက်နေ့၊ နံနက် ၂နာရီ ဝန်းကျင်က မီးလောင် ပျက်စီးဆုံးရှုံးသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှတ် - ၁ အခြေခံပညာ အထက်ကျောင်းတွင် စာသင်ခန်းပေါင်း ၂၆ ခန်းရှိသည့် အနက် ၂၃ ခန်း မီး လောင် ပျက်စီး ဆုံးရှုံးသွားသည်ဟု ကျောင်းအကျိုးတော်ဆောင် အဖွဲ့ ထံမှ သိရသည်။

တလုတ္တော်နယ်မြေ မီးသတ်စခန်း နှင့် နီးစပ်ရာ မီးသတ်စခန်းများက မီးသတ်ကား ၁၀ စီးကျော်၊ မီးသတ် တပ်ဖွဲ့ ဝင် ၁၀၀ ခန့်ဖြင့် ဝိုင်းဝန်းကာ မီးငြိမ်းသတ်ခဲ့ကြပြီး နံနက် ၃ နာရီခွဲခန့်တွင် မီးငြိမ်းသွားသည်ဟု မီးသတ် ဦးစီးဌာန တာဝန်ရှိသူ တစ်ဦး က ပြောသည်။

မီးသတ် ဦးစီးဌာန တာဝန်ရှိသူ တစ်ဦး က “ဝါယာ ရှော့ဖြစ်ပြီး လောင်တာပါ။ ပျက်စီးဆုံရှုံးမှု ကာလ တန်ဘိုးကို တွက်ချက်နေတုန်းပါ” ဟု ပြောသည်။

တစ်ကျောင်းလုံး နီးပါး မီးလောင်ပျက်စီး ဆုံးသွားသော အင်္ဂပူမြို့ အမှတ် - ၁ အထက်တန်းကျောင်းသည် နှစ် ပေါင်း ၉၀ နီးပါးရှိ ကျောင်းတစ်ကျောင်း ဖြစ်ပြီး

ကျောင်းသား/ကျောင်းသူ အယောက် ၁၅၀၀ ဝန်းကျင် တက် ရောက် ပညာသင်နေသော ကျောင်းတစ်ကျောင်းဖြစ်သည် ဟု ပညာရေးမှူးရုံးထံမှ သိရသည်။

July 14, 2026
စစ်ရေးအရ စိုးရိမ်စရာဖြစ်လာသည့် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ၏ တန်ပြန်...
July 13, 2026
စစ်တပ်သည် အသွင်ပြောင်းအစိုးရအဖြစ် အရေခြုံထားသော်လည်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုနှင့်...
July 13, 2026
ဦးမင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါး...
July 13, 2026
မကွေးတိုင်း၊ ချောက်မြို့နယ်၊ တောင်သာကျေးရွာနှင့် စမ်းစုကျေးရွာကြားတွင် စစ်တပ်နှင့်...