ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများကို လေဆိပ်တွင် ဒေါ်လာရောင်းပေးမည်ဟုဆို

ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်မည့်သူများကို လေဆိပ်တွင် ဒေါ်လာရောင်းပေးမည်ဟုဆို

(မဇ္ဈိမ)။ ။ပြည်ပသို့ထွက်ခွာ၍ အလုပ် လုပ်ကိုင်မည့်သူများ၊ ဆေးကုသမှုခံယူမည့်သူများနှင့် ပညာတော် သင် သွား‌ရောက်မည့်သူများအား အသေးသုံးနိုင်ငံခြားငွေအဖြစ် ရန်ကုန်လေဆိပ်တွင် ဒေါ်လာရောင်းချ ပေးရန် စီစဉ်နေကြောင်းသိရသည်။

ပြည်ပသို့ထွက်ခွာသူများအနေဖြင့် ပြင်ပဒေါ်လာဈေးကွက်တွင် ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူနေရပြီး အဆိုပါဝယ်ယူမှုများကြောင့် ဈေးကစားသူများနှင့် လေပတ်ကားသမားများ၏ ငွေဈေးကစားမှုများကို ထိန်းချုပ်ရန်ကြိုးပမ်းမှုဖြစ်နိုင်ကြောင်း ဒေါ်လာရောင်းချသူများက သုံးသပ်ပြောဆိုထားသည်။

ယခုဒေါ်လာရောင်းချပေးမည့်အစီအစဉ်ကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံ ဘဏ်များအသင်းတို့ ပူးပေါင်းစီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းရှိ နိုင်ငံခြားငွေဈေးကွက်အားထိန်းချုပ်ရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် နေကြောင်း ဒေါ်လာရောင်းချသူများက မဇ္ဈိမကို သုံးသပ်ပြောဆိုထားသည်။

“စကစရဲ့ ဗဟိုဘဏ်သတ်မှတ်တာက ၂၁၀၀ ကျပ်ဆိုပေမယ့် သူတို့အခုရောင်းပေးမှာဆိုရင် သေချာတယ် ပြင်ပပေါက်ဈေးနဲ့ ရောင်းပေးမယ်ဆိုတာ တပ်အပ်ပြောနိုင်တယ်”ဟု ပြင်ပဒေါ်လာဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ဒေါ်လာရောင်းချပေးမည့်အစီအစဉ်ကို မည်သည့်အချိန်စတင်မည်ဖြစ်ပြီး လူတစ်ဦးလျင် မည်မျှ ရောင်းချပေးမည်နှင့် ဈေးနှုန်းသတ်မှတ်ချက်အား သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

“ဗဟိုဘဏ်သတ်မှတ်တဲ့ ဈေးနဲ့ရောင်းချပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ မဟုတ်ရင် ပြင်ပပေါက် ဈေးနဲ့ပဲရောင်းမယ်ဆိုရင် ဘာမှမထူးဘူး”ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

အောက်တိုဘာလ ၁၅ ရက် ပြင်ပဒေါ်လာပေါက်ဈေးမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၂၇၀၀ ကျပ်ဝန်း ကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...