ကွတ်ခိုင်မြို့နယ် ပန်ယန်းခါးစစ်ရှောင်စခန်း ကလေးငယ်များဖျားနာ၊ အစာအာဟာရ ပြတ်လပ်နေ

ကွတ်ခိုင်မြို့နယ် ပန်ယန်းခါးစစ်ရှောင်စခန်း ကလေးငယ်များဖျားနာ၊ အစာအာဟာရ ပြတ်လပ်နေ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီးရှိ ပန်ယန်းခါး စစ်ရှောင်စခန်းတွင် ယခုကာလတွင်း ရာသီဉတု ပြောင်းလဲမှုကြောင့် ကလေးငယ်များ ဖျားနာနေကြပြီး စားနပ်ရိက္ခာအတွက် အစာအာဟာရပြတ်လပ် နေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ စခန်းရှိ စစ်ရှောင်ဦးရေမှာ (၂၅၃) ဦးရှိပြီး အသက် ၁၀ နှစ် အောက်ကလေးငယ် တချို့သည် အိပ်ယာမထနိုင်သည့် အထိဖျားနာနေကြသည်။

ထို့ပြင် စစ်ရှောင်များသည် စားသောက်ရန်အတွက် ထမင်း နှင့် ပြောင်းဖူးရောပြီး စားနေရကြောင်း စစ်ရှောင်နေသူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျမတို့ ဆီမှာ ဆေးဝါးအခက်အခဲရှိနေတယ်။ ဆေးမြစ်၊ ဆေးရွက်တွေပဲ ကြိုသောက်နေရတယ်။ ကလေးတွေက အဖျားကြီးတော့ အိမ်ယာမှာပဲ လှဲလျောင်းနေတာ။ လူကြီးတွေလည်း အတူတူပဲ ဖျားနေကြတယ်၊ စားဖို့ သောက်ဖို့အတွက်က တခါတလေ ထမင်းကို ပြောင်းဖူးနဲ့ရောထည့်လိုက်၊ ဖရုံသီးနဲ့ရောထည့်လိုက် စားနေကြရတယ် “ ဟု ၎င်းစစ်ရှောင် တစ်ဦးကပြောသည်။

ပန်ယန်းခါး စစ်ရှောင်စခန်း

အဆိုပါ စစ်ရှောင်စခန်းကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနေသော (WSA) အဖွဲ့ကလည်း ဇွန်လမှစပြီး စားနပ်ရိက္ခာထောက်ပံ့ ပေးနေခြင်းကို ရပ်တန့်လိုက်သဖြင့် စစ်ရှောင်များ စားသောက်ရန် အတွက် ခက်ခဲသွားကြောင်း သိရသည်။

၂၀၁၂ ခုနှစ် မှစပြီး ရှောင်စစ်လာခဲ့သည်မှာ ယခုတွင် (၁၀) နှစ်ပြည့် သက်တမ်းအထိ ရှိလာပြီး ဆေးဝါး နှင့် စားနပ်ရိက္ခာများအတွက် အခက်အခဲများစွာရှိနေသဖြင့် ပန်ယန်းခါး စစ်ရှောင်များကို ကူညီထောက်ပံ့ပေး စေလိုကြောင်း စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောသည်။

“ အခုက တစ်အိမ်ကို ဆန် (၃) အိတ်လောက် အကြွေးတင်နေတယ်။ တချို့နေ့စားခသွားတာ အကြွေးပြန်ဆပ်ဖို့ပဲ သွားလုပ်ကြတယ်။ ကျမတို့ စစ်ရှောင်ဆီမှာ ငွေတပြားမှ မရှိတော့ပါဘူး။ စားနပ်ရိက္ခာအတွက် တစ်နေ့ကို ၂ နပ်ပဲ စားနိုင်တယ်။ တတ်နိုင်တဲ့ သူတွေ ကျမတို့က အကူညီတောင်းခံပါတယ် “ ဟု ၎င်းကော်မတီဝင် တစ်ဦးကပြောသည်။

ထို့အပြင် ပန်ယန်းခါးစစ်ရှောင်စခန်းက ကွတ်ခိုင်မြို့ နှင့် ၄၈ မိုင်ခန့်ကွာဝေးပြီး စခန်းတွင်းရှိ အိမ်ထောင်စု (၄၁) စု၊ အသက်မပြည့်သေးသည့် ကလေးငယ်များ (၁၃၉) ဦး အမျိုးသား နှင့် အမျိုးသမီးမှာ (၂၅၃) ဦး စုစုပေါင်း (၂၅၃) ဦးရှိကြောင်း သိရသည်။

May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...
May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...