သီပေါမြို့နယ် ကုန်းသာကျေးရွာပြည်သူများကို စစ်ကောင်စီက ရိုက်နှက် ပိုက်ဆံတောင်း

သီပေါမြို့နယ် ကုန်းသာကျေးရွာပြည်သူများကို စစ်ကောင်စီက ရိုက်နှက် ပိုက်ဆံတောင်း

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာနေ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်ပြီး ငွေတောင်းခံယူမှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၁၄ ရက် မနက်အစောပိုင်းတွင် ကုန်းသာကျေးရွာထဲသို့ ဆက်ကြေးလာကောက်သော လက်နက်ကိုင်အဖွဲ့ နာမည်ကို စစ်ကောင်စီက လာရောက်မေးမြန်းရာ ပြည်သူများက မဖြေချင်သောကြောင့် ဒူးထောက်ခိုင်းပြီး ရိုက်နှက် ခဲ့ကြောင်း ကုန်းသာကျေးရွာရှိ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက် (၅) နာရီလောက် ရွာထဲကိုဘယ်အဖွဲ့က ဆက်ကြေးလာကောက်လဲ လာမေးတာ။ ရွာသားတွေက မဖြေချင်တော့ ရိုက်တာ။ ရွာသားကို ဒူးထောက်ခိုင်းထားပြီး ရိုက်တယ်၊ ပိုက်ဆံလည်းတောင်းသေးတယ်။ ပြီးတော့ သေနတ်တွေနဲ့ ပစ်ဖောက်ပြီး ခြိမ်းခြောက်သွားတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့၏ ရိုက်နှက်ခြင်း၊ ပိုက်ဆံပေးဆောင်ခြင်း ခံရသော ရွာသားဦးရေမှာ လက်ရှိတွင် မသိရှိရသေးပေ။

ရွာသားများကို ရိုက်နှက်ခဲ့သော စစ်ကောင်စီတပ်မှာ တပ်ရင်း (၂၃) ကဖြစ်ပြီး လူအင်အား (၃၀) ခန့်ဖြင့် လာရောက် သောင်းကြမ်း ခဲ့ကြောင်း ဒေသခံများကဆိုသည်။

“ ရွာထဲက တချို့သူတွေ စစ်ကောင်စီကို သတင်းပေးပို့လို့ ထင်တယ်။ သတင်းအချက်အလက် ရလို့ သူတို့က ရွာထဲကိုလာသောင်းကြမ်းတာ “ ဟု ၎င်းဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

သီပေါမြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ လှုပ်ရှားသော နယ်မြေတစ်ခု ဖြစ်ကြောင်း သိရသည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...