တောင်ကုတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ၃ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

တောင်ကုတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ၃ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး
ပုံစာ - တောင်ကုတ်မြို့မ ရဲစခန်းအား တွေ့ရစဉ်။
ပုံစာ - တောင်ကုတ်မြို့မ ရဲစခန်းအား တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် (၃) ဦးကို အောက်တိုဘာလ (၁၄) ရက် နေ့လယ်ပိုင်းတွင် မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များမှ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူ (၃) ဦးမှာ ကံပိုင်ရပ်ကွက်မှ ကြယ်ရတနာရွှေဆိုင်ပိုင်ရှင် ဦးကျော်ရင် (၆၀) နှစ်၊ ကံပိုင်ရပ်ကွက်မှ ဖုန်းအရောင်းဆိုင်ပိုင်ရှင် ဦးကျန်အောင် (၆၀) နှစ်နှင့် ချောင်းကောက်ရပ်ကွက်မှ အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေအရောင်းဆိုင်ပိုင်ရှင် ဦးသန်းငွေကြည် (၅၃) နှစ်တို့ဖြစ်ကြသည်။

၎င်းတို့ (၃) ဦးကို စစ်တပ်နှင့် ရဲအပါအဝင် အင်အား ၂၀ ခန့်က နေအိမ်အတွင်း လာရောက်ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း ကံပိုင်ရပ်ကွက်မှ လုံခြုံရေးအရအမည်မဖော်လိုသည့် တောင်ကုတ်မြို့ခံတစ်ဦးကဆိုသည်။

“စစ်သားတွေ၊ ရဲတွေ အင်အား ၂၀ လောက်နဲ့ နေအိမ်မှာ လာဖမ်းသွားတာဖြစ်တယ်။ ဘာကြောင့် ဖမ်းသွားတယ် ဆိုတာကိုတော့ ကျနော်တို့လည်း မသိဘူး။ ဖမ်းသွားတာကတော့ သေချာတယ်။ ကျနော်ကိုယ်တိုင် မြင်လိုက်တာ”ဟု ၎င်းက DMG သို့ပြောသည်။

ယင်းဒေသခံ (၃) ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ချောင်းကောက်ရပ်ကွက်နှင့် ကံပိုင်ရပ်ကွက်တို့တွင် စစ်တပ်က အင်အားတိုးချထားမှုများ ရှိကြောင်းလည်း နောက်ထပ် အမည်မဖော်လိုသည့် တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

“မနေ့က ချောင်းကောက်ရပ်ကွက်၊ ကံပိုင်ရပ်ကွက်နဲ့ မြို့တွင်းတော်တော်များများမှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်။ အရင်တုန်းက အဲလိုချထားတာ မရှိဘူး။ ဒေသခံတွေလည်း မနေ့ညကဆို အပြင်တောင် မထွက်ကြဘူး။ ဒီနေ့မနက်တော့ အဲဒီလုံခြုံရေးတွေကို ထပ်ချထားတာ မတွေ့ရတော့ဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါဒေသခံများအား ဖမ်းဆီးသွားသည့်အပေါ် စစ်ကောင်စီပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG မှ ဖုန်းဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပါ။

တောင်ကုတ်မြို့နယ်တွင် စက်တင်ဘာလ ၁၇ ရက်နေ့နောက်ပိုင်း မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် အရပ်သား (၁၂) ဦးအထိ ရှိလာနေသည်။ လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာပြီးနောက် အရပ်သားများကို သံသယဖြင့်ဖမ်းဆီးမှု ရှိလာနေသော်လည်း မြန်မာစစ်တပ်မှ သတင်းထုတ်ပြန်လေ့ မရှိပေ။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...