စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စတင်

စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စတင်

ကရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ၏ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဤတိုက်ခိုက်မှုမှာ စစ်ကောင်စီ တပ်များက ဒရုန်းယာဉ်များကို မြေပြင်ထောက်လှမ်းရေး အပြင် လေကြောင်း ဗုံးကြဲ ယာဉ်အဖြစ် စတင် အသုံးပြုလာခြင်း ဖြစ်သည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ၏စစ်ဆေးရေးဂိတ်ကို အောက်တိုဘာလ ၁၃ ရက်နေ့၊ မွန်းတည့် ၁၂ နာရီခန့်တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းခဲ့သည်ဟု KPDF - Palaw အဖွဲ့က ထိုနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

“ဂျိမ်း ဂျိမ်း ဂျိမ်းဆိုပြီး ပေါက်ကွဲသံ ဆက်တိုက်ကြားရတယ်။ ဂိတ်နေရာက ရွာနဲ့နည်းနည်း ဝေးပေမယ့် တိုက်ပွဲ ဖြစ် တာလို့ထင်ပြီး အထုပ်တွေယူပြီး ရွာသားတွေပြေးပုန်းကြတာ” ဟု အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသမီး တစ်ဦး က ပြောသည်။

တားမြစ်ထားသည့် စစ်ကောင်စီ၏ ထုတ်ကုန်များနှင့် မူးယစ်ဆေးဝါးများ တားဆီးစစ်ဆေးရာ KPDF ဂိတ်ကို စစ် ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး သုံးလုံးချကာ လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

KPDF အဖွဲ့ကို စစ်ကောင်စီဘက်က ပထမဆုံးအကြိမ် ဒရုန်းအသုံးပြုကာ ပြန်လည်တိုက်ခိုက်လာခြင်းဖြစ်ပြီး ထို တိုက်ခိုက်ခံရမှုကြောင့် KPDF ရဲဘော်တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်ဟု သိရသည်။

July 14, 2026
စစ်ရေးအရ စိုးရိမ်စရာဖြစ်လာသည့် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ၏ တန်ပြန်...
July 13, 2026
စစ်တပ်သည် အသွင်ပြောင်းအစိုးရအဖြစ် အရေခြုံထားသော်လည်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုနှင့်...
July 13, 2026
ဦးမင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါး...
July 13, 2026
မကွေးတိုင်း၊ ချောက်မြို့နယ်၊ တောင်သာကျေးရွာနှင့် စမ်းစုကျေးရွာကြားတွင် စစ်တပ်နှင့်...