ဟင်္သာတ ယာဉ်စစ်ဆေးနေရာနှင့် ရဲစခန်း တိုက်ခိုက်ခံရ၊ ရဲ ၃ ဦး ဒဏ်ရာရ၊ တစ်ဦး သေ

ဟင်္သာတ ယာဉ်စစ်ဆေးနေရာနှင့် ရဲစခန်း တိုက်ခိုက်ခံရ၊ ရဲ ၃ ဦး ဒဏ်ရာရ၊ တစ်ဦး သေ

ဟင်္သာတမြို့ရှိ ယာဉ်စစ်ဆေးသည့်နေရာနှင့် ရဲစခန်း ဗုံးခွဲ တိုက်ခိုက်ခံရ၍ ယာဉ်ထိန်းရဲ ၃ ဦး ထိ မှန်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး သေဆုံးသွားသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ကျောက်တော်ကြီးကုန်းဆင်း ဟင်္သာရုပ် အဝိုင်းကြီး အနီးယာဉ် စစ်ဆေးသည့် နေရာနှင့် အမှတ် ၂ ရဲစခန်းတို့ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

“ယာဉ်ထိန်းရဲတွေ ရောက်လာပြီး သိပ်မကြာဘူး ဗုံးထပေါက်တာ ၃ ယောက် ထိသွားတယ်။ တစ်ယောက် က ဆေးရုံမှာ သေသွားတယ်။ ဒဏ်ရာက အတော်ပြင်းပုံရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ဟင်္သာတ ဒေသခံ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (HLPDF) အဖွဲ့တို့က အောက်တိုဘာလ ၁၃ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်အချိန်က ယာဉ်စစ်ဆေးသည့်နေရာနှင့် ရဲစခန်းနေရာတို့ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟု ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

ဒဏ်ရာရသူ ယာဉ်ထိန်းရဲ ၃ ဦး အနက် သေဆုံးသွားသည့် ယာဉ်ထိန်းရဲမှာ အရပ်ရှည်ရှည် ဆိုင်ကယ် ကလစ်ဘီး အဖြူလေး စီးလေ့ရှိသူဖြစ်ပြီး ပုသိမ်မြို့က ပြောင်းလာသည်မှာ မကြာသေးဘူးဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ အချို့ က ပြောသည်။

အမှတ် ၂ ရဲစခန်းဝန်း ဂိတ်အနီး ပေါက်ကွဲမှုသည် ယာဉ်စစ်ဆေးသည့် နေရာက ပေါက်ကွဲမှုနှင့် မိနစ် အနည်းငယ် သာကွာခြားပြီး သေဆုံးထိခိုက်မှုမရှိဘူး ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ ဟင်္သာတ ခရိုင်ဆေးရုံက တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရာ ၎င်းက “မော်တော်ပီကယ် ၃ ဦး ဒဏ်ရာရတာ မှန်တယ်။ သေဆုံးတာကတော့ အတည်မပြုနိုင်ဘူး” ဟု ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့ဝင်များက မြို့အဝင်အထွက်လမ်းများကို ပိတ်ဆို့ စစ် ဆေးကာ လမ်းသွားလမ်းလာ အချို့ကိုလည်း ဖမ်းဆီး စစ်ဆေးခဲ့သည်ဟု မြို့ခံအချို့က ပြောသည်။

ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် စစ်ကောင်စီက ပြည်သူများ၏ ကား၊ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများကို အကြောင်းအမျိုးမျိုးပြ အပြစ်ရှာကာ ငွေကြေးများ တောင်းယူနေသည့် အတွက် ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြပါရှိသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...